Monday, October 15, 2012

မွတ်ဆလင်များမှ ဗုဒ္ဓဘာသာဝင် နှစ်ဦးအား ဓါးများဖြင့် ထိုးခုတ်သတ်


Photo

၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ် နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့ သည်အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့်သွားရာ လုံခြုံရေးတာဝန်ကျ အရံမီးသတ်တပ်ဖွဲ့ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြ တားဆီးခဲ့ ကြောင်းသိရပါတယ်။

အဲဒီအချိန်မှာ ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာမွတ်စလင် ရပ်ကွက်( ခ )( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များ အဓိကရုဏ်း ဖြစ်ပွါးမှုကြောင့် အခြေအနေတင်းမာနေချိန်လည်းဖြစ်ပွါးနေချိန်လည်း ဖြစ်ပါ တယ်။

အဆိုပါ အရံမီးသတ်မှမွတ်စလင်များ တားဆီးထားတဲ့ဆိုင်ကယ်ကို အမှောင်တွင်းပုန်းနေကြသော အပေါင်း ပါမွတ်စလင်များမှ ဝိုင်းဝန်းထွက်ရိုက်ကြပြီး ဓါးများဖြင့်ထိုးခုတ်သတ်ကြသဖြင့် ဦးခင်မောင်အေးနှင့် ဦးညိုစိမ့် တို့က အော်ဟစ်အကူညီတောင်းရာပတ်ဝန်ကျင်ရှိဗမာများမှအချိန်မှီသွားရောက်ကူညီခဲ့သဖြင့်အသက်ဘေး မှလွတ်ခဲ့ပေမယ့်ရမည်းသင်း ဆေးရုံတွင်အရေးပေါ်လူနာများအဖြစ်ကုသလျှက်ရှိကြောင်းမျက်မြင်သက်သေ တဦးက Myanmar News Now ကိုပြောပါတယ်။

No comments:

Post a Comment

My Blog List