Tuesday, October 16, 2012

မောင်မဲရဲ့ အရည်အချင်းများနဲ့ လွှတ်တော်များရဲ့ ခရီးလမ်း






သူငယ်ချင်း ဆိုးပေရေ -
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တာတွေ လွှတ်တော်နဲ့ပတ်သက်ပြီးတော့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သူငယ်ချင်းကိုငါ ပြောပြချင်တယ်ကွာ။ ဒီလို တို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ သုံးသပ် တင်ပြချင် တာလေးတွေကိုမတင်ပြခင် လွှတ်တော်ရဲ့သမိုင်းကြောင်းလေးကို ပြောပြချင်တယ်။ ငါပြောချင်တာက တို့နိုင်ငံ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ရာခိုင်နှုန်းပြည့်နီးပါး တည်ဆောက် နိုင်ပြီဖြစ်တယ်လို့  ပြောမယ်ဆိုရင်ရော မင်း လက်ခံနိုင်မလား။
ကဲ--သူငယ်ချင်း--- လွှတ်တော်အကြောင်း ပြောရမယ်ဆိုရင်တော့ တို့နိုင်ငံရဲ့လွှတ်တော် အဆောက်အဦ ကြီးတွေဟာ တကယ့်ကိုပဲ ခမ်းနားထည်ဝါလွန်းတာကြောင့် အိမ်နီးချင်းနိုင်ငံတွေက အထင်ကြီးလေးစားနေကြတယ်။ ဒီလွှတ်တော်ကြီးနဲ့ နေပြည်တော်မြို့တော်ကြီးတည်ဆောက်ခဲ့တာကို တွေ့မြင်ရတဲ့ နိုင်ငံခြားဧည့်သည်တိုင်းက ချီးကျူးသွားခဲ့ကြတယ်။ ဒီလိုချီးကျူးခံရအောင် ဘယ်သူလုပ်ခဲ့တာလဲ။ ဒီလိုလုပ်ခဲ့တာဘယ်သူလဲ ? မင်းသိလား။ တကယ်တော့ ဒီလိုလုပ်ခဲ့တာတွေ အားလုံးဟာ ဦးသန်းရွှေကြီးဖြစ်တယ်ဆိုတာ မင်းသိမှာပါ။ ဦးသန်းရွှေကြီးဟာ သူကသာ ဒီလို ကောင်းအောင်လုပ်ခဲ့ပေမဲ့ အကောင်းပြောခံရမှာတော့ မဟုတ်ပါဘူး။ သူလည်းကံကောင်းလို့ အပြော အဆိုမခံရဘဲ လွတ်နေတာ။ ပြောစရာတွေကတော့ အများကြီးပေါ့ကွာ။ ဦးသန်းရွှေအကြောင်း မင်းအသိဆုံးမို့ ငါ ဋီကာချဲ့ပြီး မပြောချင်တော့ပါဘူး။ ဒါပေမဲ့လည်းသူရဲ့တပည့် မောင်မဲအကြောင်းလေးတော့ ငါပြောပြချင် သေး တယ်။
တို့နိုင်ငံကကျက်သရေရှိလှတဲ့ လွှတ်တော်အဆောက်အဦကြီးတွေရဲ့ထည်ဝါမှုတွေဟာအမျိုးသားလွှတ်တော် ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ မောင်မဲရဲ့အသားအရေ၊စိတ်ဓာတ်၊အမူအကျင့်တွေနဲ့တော့လုံးဝမအပ်စပ်ဘဲဆန့်ကျင်ဘက် ဖြစ် နေတာ   တွေ့ရတယ်ကွာ။ ငါလေ့လာထားသမျှ မောင်မဲရဲ့ဘ၀ အကြောင်းနဲ့ စရိုက်တွေ၊ စိတ်ဓာတ်တွေ ကို ပြန်ပြီးေ ဖာက် သည် ချပြောပြရရင် မောင်မဲဟာ- တပ်မှာတော့ ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားညီလာခံမှာ ဒုဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တယ်--- ဒီ့နောက်မှာတော့ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးတာဝန်တွေ ထမ်းဆောင် ခဲ့တာဖြစ်တယ်---
 မောင်မဲဟာ အမျိုးသားညီလာခံဒုဥက္ကဋ္ဌနဲ့ တပ်မှာတာဝန်ထမ်းဆောင်စဉ်က အရက်ကိစ္စ၊ မိန်းမကိစ္စ
တွေကြောင့်အပုပ်နံ့တဟောင်ဟောင်ရှိခဲ့တယ်ဒီလူအကြောင်း ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင်တောသုံးတောင် ပါပဲကွာ။ ဒီလိုလူတစ်ဦးက အမျိုးသားလွှတ်တော်မှာ ဥက္ကဋ္ဌဖြစ်တာဟာ တော်တော်စဉ်းစားဘို့ကောင်းတယ်။ ဥက္ကဋ္ဌ အပြင်  ပြည်ထောင်စုလွှတ်တော်ကြီးမှာ နာယက ဖြစ်နေတာဟာလည်း အံ့သြစရာကြီးဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့  မောင်မဲဟာ နာယကဂုဏ် ၆ ပါးနဲ့ရောညီရဲ့လားဆိုတာ စဉ်းစားစရာဖြစ်နေလို့ပါပဲ။ မောင်မဲရဲ့ လုပ်ရပ်
တွေကိုတော့ နှာခေါင်းရှုံ့ စရာကြီးတွေအဖြစ်လဲ မြင်နေမိတယ်ကွာ။
အချို့ကိစ္စတွေမှာ ပြည်သူ့လွှတ်တော်က တင်ပြချက်တွေကို အမျိုးသားလွှတ်တော်က ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး မောင်မဲနဲ့ ဦးရွှေမန်းတို့ ပြဿနာအချေအတင် ဖြစ်ခဲ့ကြတာတွေကို မင်းလဲသိမှာပါ။ မောင်မဲကတော့ အမျိုးသားလွှတ်တော်မှာ သူနဲ့သဘောထားခြင်းတူတဲ့ သူတွေ၊ သူ့ရဲ့တပည့်တွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီး သူဖြစ်ချင်တာတွေကို ပြောခိုင်း၊ အဆိုတင်သွင်းခိုင်း တာတွေလဲ ရှိနေတယ်ဆိုတာ လွှတ်တော်အသိုင်း အ၀ိုင်း အားလုံးသိရှိကြပါတယ်--- သာဓကအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိစ္စမှာ ခေါင်းဖြူကြီး ဦးဇော်မြင့်ဖေနဲ့ ဆရာ တပည့်စည်းဝါးရိုက် ဆောင်ရွက်ခဲ့ကြတယ်--- ဒါ့အပြင်မောင်မဲဟာ သူ့ရဲ့စကောလောက်မှဇောက်မနက်တဲ့ အကြံ အစည်တွေနဲ့ တပ်ကို မြောင်းထဲရောက်အောင် လုပ်ခဲ့တာတွေလည်းကြားသိနေရ၊ တွေ့နေခဲ့ရတယ်။ လွှတ်တော် အတွင်း မဲစနစ်နဲ့ မဲခွဲဆုံးဖြတ်တာတွေလုပ်ဖို့ ၀ိုင်းပြောပြီး မဲပေးစေတဲ့အချိန်မှာ ခလုတ်နဲ့လျှို့ဝှက်မဲ ပေးခိုင်းရင် ရရဲ့ သားနဲ့ အများအထင်အမြင်လွဲအောင် ထိုင်ခိုင်း၊ ထခိုင်းပြီးမဲပေးခိုင်းခဲ့တာတွေ မင်းလဲ တွေ့မှာပေါ့။ ဒီလို နာယက ဂုဏ် ၆ ပါးနဲ့ မပြည့်စုံတဲ့သူကို လွှတ်တော်တွေမှာ နာယက/ဥက္ကဋ္ဌအဖြစ် တွေ့မြင်နေရတာဟာ  လုံးဝမဖြစ် သင့်တော့ ပါဘူး။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ကြီးတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက အဖွဲ့ဝင် ၉ ဦးကို ထွက်ခိုင်းပြီးတဲ့နောက် အခုလို ဒီမိုကရေစီနိုင်ငံတော်အဖြစ် လျှောက်လှမ်း နေချိန်မှာ နိုင်ငံတော် နဲ့ လွှတ်တော်ကို ကောင်းမွန်မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဘို့အတွက် နာယကဂုဏ်နဲ့မပြည့်စုံတဲ့ မောင်မဲကို လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကပယ်မလား၊ ကယ်မလားဆိုတာ တို့သူငယ်ချင်းနှစ်ယောက်စောင့်ကြည့်လိုက် ရအောင်---သိထားတဲ့အချက်အလက်လေးတွေကို  နောက်မှဆက်ရေးလိုက်မယ်ကွာ---
 မင်းရဲ့သူငယ်ချင်း(ဖိုးဖြူ)


facebook မှ ကူးယူဖော်ပြသည်။




No comments:

Post a Comment

My Blog List