Sunday, October 14, 2012

မြန်မာမူးယစ် ကျပ်သိန်း(၁၂၀)ကျာ်တန်ဖိုး ဘင်္ဂလာတွင် ဖမ်းဆီးခံ


 

Myanmar drugsမြန်မာ-ဘင်္ဂလာအကြားရှိ နတ်မြစ်အတွင်းတွင် မူးယစ် ပစ္စည်းများဖြင့် ဘင်္ဂလားသို့ လာသောလှေတစ်စင်းအား သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က စစ်ဆေး ကြည့်ပြီး ယမန်နေ့(သောကြာ)မနက်စောစောက ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။

တာခ်နာမြို့နယ်အခြေစိုက် BGB တပ်မှူး အာဘူလ်ကာ လာက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် လှေတန်ဖိုး စုစုပေါင်း ကာလပေါက်ဈေးနှုန်းမှာ တာကာ ၁၂၃၆၃၀၀ (မြန်မာကျပ်သိန်း ၁၂၀ ကျော်) တန်ဖိုးရှိကြောင်းနှင့် ယင်း အား မြန်မာ-ဘင်္ဂလာအကြား သတ်မှတ်ထားသော နယ်ခြားမှတ်တိုင် အမှတ်(၂)ခွဲမှ ဖမ်းဆီးရမိခြင်းဖြစ်
ကြောင်း ယမန်နေ့က ဒေသမီဒီယာများသို့ ထုတ်ဖေါ်ပြောဆိုလိုက်သည်။
BGB က ဖမ်းဆီးရမိသော မြန်မာလုပ် မူးယစ်ဆေးဝါးများမှာ (၂၄၆၀)ကန့် Golden Beer, Dry Gin ပုလင်း(၁၀၀)လုံး, မန္တလေးရမ် ပုလင်း(၇၂)လုံးတို့ ပါဝင်ကြောင်းဆိုသည်။
ထို့ပြင် ယင်းတပ်ဖွဲ့အနေဖြင့် မြန်မာမှမှောင်ခိုတင်သွင်းလာသော မန္တလေးဘီယာ(၄၃၀)ပုလင်း၊ (၄၈)ကန့် ဒရိုင်းဇီ ဘီယာ၊ (၂၂)ပုလင်း ကင်ဒရီနှင့် လှေအား ယမန်နေ့တစ်ရက်အတွင်း နတ်မြစ် နှစ်နေရာမှ စုစုပေါင်း ဖမ်းဆီးရမိသော တန်ဖိုးဖြစ်ခဲ့ကြောင်း သက်ဆိုင်ရာက ပြောသည်ဟု ဒေသသတင်းများက ဆိုသည်။
သက်ဆိုင်ရာက မူးယစ်မှောင်ခိုသမားများမှာ လှေနှင့် မူးယစ်များအား စွန့်ပစ်ပြီး ကိုယ်လွှတ်ထွက်ပြေး လွတ်မြောက်သွားကြောင်း ဆိုသည်။
မြန်မာ-ဘင်္ဂလာအကြား နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းသော လုပ်ငန်းဂိုဏ်းများကို လုပ်ဆောင်နေသူများမှာ ဘင်္ဂလီမူဆလင်များနှင့် ဒေသခံအာဏာပိုင်တို့ တစ်ချို့ပူးပေါင်းပါဝင်မှုများ လုံးဝရှိနေကြောင်း မှောင်ခိုဂိုဏ်းနှင့် နီးစပ်သူများက ပြောသည်။

No comments:

Post a Comment

My Blog List