Monday, October 15, 2012

ဟံသာဝတီ လေဆိပ် တည်ဆောက်ရေးလုပ်ငန်း အပါအဝင် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများ၌ နည်းပညာနှင့် ငွေကြေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီနိုင်ငံက ဆန္ဒရှိနေ

Photo: ဟံသာဝတီ လေဆိပ် တည်ဆောက်ရေးလုပ်ငန်း အပါအဝင် ပို့ဆောင်ရေး
ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများ၌ နည်းပညာနှင့် ငွေကြေး
ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီနိုင်ငံက ဆန္ဒရှိနေ  
Sunday, 14 October 2012 

ဂျာမနီနိုင်ငံသည် ဟံသာဝတီ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းအပါအ၀င် ပို့ဆောင်ရေးဝန်ကြီး ဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်နေသည့် စီမံကိန်းများအတွက် နည်းပညာနှင့် ငွေကြေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်
သွားရန် ဆန္ဒရှိနေကြောင်း ဂျာမနီနိုင်ငံ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Dr.Ka-rl Brauner က ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေး
ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်အား ဂျာမနီနိုင်ငံ
 နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးံ H.E.Dr.Ka-rl Brauner ဦးဆောင်သည့် အဖွဲ့လာရောက်တွေ့ ဆုံရာတွင် ဒုတိယ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု
 ပြုလုပ်လိုသည့် လုပ်ငန်းများမှာ လေဆိပ်များ တိုးချဲ့တည်ဆောက်ခြင်း၊ ကွင်းတိုဆင်းသက်နိုင်သော လေယာဉ်ငယ်များ ဖြည့်တင်းရေး၊ ဆိပ်ကမ်းများ တည်ဆောက်ပြုပြင်ခြင်း စသည်တို့ဖြစ်သည်။

ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက ယင်းသို့ဆွေးနွေးခဲ့ခြင်းကို
 ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှလည်း ရင်းနှီးမြှုပ်နှံမှု
 ပြုလုပ်နိုင်သည့် အခြေအနေများကို အသေးစိတ် ပြန်လည်ဆွေးနွေးခဲ့ ကြသည်ဟု သိရသည်။

အဆိုပါ ဂျာမနီနိုင်ငံမှစီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်း
အာဏာပိုင် လက်အောက်ရှိ ဆိပ်ကမ်းများ၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
များကို ဆက်လက် လေ့လာသွားရန် ရှိသည်ဟုလည်း သိရသည်။

“ဂျာမနီနိုင်ငံက OBERME-YAR PLANER BERATEN Gmb H  ကုမ္ပဏီနဲ့ Gmp International   ကုမ္ပဏီနှစ်ခုက ဟံသာဝတီ လေဆိပ် တည်ဆောက်ဖို့ အကြို အရည်အချင်းစစ် လျှောက်လွှာကို လာတင်ထားပါတယ်” ဟု
 လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
 ပြောကြားခဲ့သည်။

eleven media group

ဂျာမနီနိုင်ငံသည် ဟံသာဝတီ လေဆိပ်တည်ဆောက်ရေး
လုပ်ငန်းအပါအ၀င် ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများ အတွက်နည်းပညာနှင့် ငွေကြေးကဏ္ဍပူးပေါင်းဆောင်ရွက်သွားရန်ဆန္ဒရှိနေကြောင်းဂျာမနီနိုင်ငံ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Dr.Ka-rl Brauner က ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်အား ဂျာမနီနိုင်ငံနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးံ H.E.Dr.Ka-rl Brauner ဦးဆောင်သည့် အဖွဲ့လာရောက်တွေ့ ဆုံရာတွင် ဒုတိယ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် လုပ်ငန်းများ မှာ လေဆိပ်များ တိုးချဲ့ တည်ဆောက်ခြင်း၊ ကွင်းတိုဆင်းသက်နိုင်သော လေယာဉ်ငယ်များ ဖြည့်တင်းရေး၊ ဆိပ်ကမ်းများ တည်ဆောက်ပြုပြင်ခြင်း စသည်တို့ဖြစ်သည်။

ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက ယင်းသို့ဆွေးနွေးခဲ့ခြင်းကိုပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များမှလည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် အခြေအနေများကို အသေးစိတ် ပြန်လည်ဆွေးနွေးခဲ့ ကြသည် ဟု သိရသည်။

အဆိုပါ ဂျာမနီနိုင်ငံမှစီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ ဆိပ်ကမ်းများ၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းများကို ဆက်လက် လေ့လာသွားရန်ရှိသည်ဟုလည်း သိရ သည်။

“ဂျာမနီနိုင်ငံက OBERME-YAR PLANER BERATEN Gmb H ကုမ္ပဏီနဲ့ Gmp Internationalကုမ္ပဏီနှစ်ခု က ဟံသာဝတီလေဆိပ်တည်ဆောက်ဖို့ အကြိုအရည်အချင်းစစ် လျှောက်လွှာကို လာတင်ထားပါတယ်” ဟု
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။


No comments:

Post a Comment

My Blog List