Monday, October 15, 2012

ဟံသာဝတီ ကားဝိုင်းတွင် ညအိပ်ခွန် မဆောင်ပါက အရေးယူမည်

ဟံသာဝတီယာဉ်aရာင်းဝယ်ရေး စခန်းဝင်းအတွင်းရှိ ညအိပ်ခွန် ပေးဆောင်ခြင်းမရှိပဲ ညအိပ် ရပ်နားထား
သော ယာဉ်များအား သဘောင်္ဆေးသုတ် မှတ်သား၍ရုံးသို့တင်ပြပြီး အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်စခန်း၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

" နောက်ပိုင်း ကားသစ်တွေက များလာတယ်ဝင်ပြီးရင် ပြန်မထွက်တော့ဘူး။ ဒီမှာပဲ ညသိပ်တယ် မနက် ပိုက်ဆံသွားတောင်းရင် မပေးချင်ကြဘူး။ တစ်ချို့သူတွေက မသိချင်ဟန်ဆောင်နေတယ်။ အားလုံးတော့ မဟုတ်ပါဘူး" ဟု ယာဉ်ဝင်ခ ကောက်ခံသည့်ဂိတ်မှ တာဝန်ကျအမျိုးသမီး က The Voice Weekly သို့ ပြောကြားသည်။

သဘောင်္ဆေးဖြင့် အမှတ်အသား ပြုလုပ်ရာတွင် မှန်ကဲ့သို့သော ပြန်လည် ဖျက်လို့ရသည့် နေရာတွင်သာ သုတ်လိမ်း၍ အမှတ်အသား ပြုလုပ်မည်ဖြစ်ကြောင်း၊ ညအိပ်ခွန် ပြေစာအား မြင်သာအောင် အစိမ်း၊ အပြာ၊ အဝါ ၊ လိမ္မော်၊ ပန်းဆီရောင်တို့ကို တစ်ရက်လျှင်တစ်ရောင် ပြောင်းလဲကောက်ခံ၍ ကားရှေ့ခန်း အတွင်း မြင်သာသော နေရာတွင် ထားရှိရမည် ဖြစ်ပြီးအောက်တိုဘာ ၁ဝ ရက်မှ စ၍ အရေးယူ သွား မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"အခုရက်ပိုင်း လေလံကြေးမပြည့်ဘဲ အိတ်စိုက်ဖြစ်တာကြောင့် ကြေညာလိုက်ရတာပါ" ဟု ၄င်းက ဆို သည်။ အခွန်ပေးဆောင်ခြင်း မရှိသော ယာဉ်များသို့ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း အရေးယူ သွားမည်
ဖြစ်ပြီး ကြေညာ ချက်မှာ ယာဉ်ဝင်း အမှတ် ၁ နှင့် အမှတ်၂ တွင်သာ လုပ်ဆောင်မည် ဖြစ်ကာ ယာဉ်ဝင်း အမှတ် ၃ မှာ ပါဝင်ခြင်း မရှိကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း စည်ပင်သာယာရေး ဌာနမှ ဌာနမှူး ဦးအောင်မျိုးလင်းက ပြောကြားသည်။

ယခင်က တစ်ရက်လျှင် ၂ သိန်းကျပ်နှုန်းဖြင့် လေလံကြေး ပေးသွင်းရကာကောက်ခံ ရရှိငွေမှာ မပြည့်ခြင်း
ကြောင့် တစ်သိန်းငါး သောင်းကျပ် လျှော့ချ ထားရကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ ယာဉ်ရပ်နားဝင်းတွင် ၁ တန်မှ ၃ တန်ထိယာဉ်များကို ဝင်ကြေး ၂ဝဝ ကျပ် ညအိပ်ပါက ၃ဝဝ ကောက်ခံပြီး ယာဉ်အစီးရေ ၂၅ဝ မှ ၃ဝဝ ကြား ရပ်နား နိုင်သည်။

No comments:

Post a Comment

My Blog List