Wednesday, October 17, 2012

ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံခရီး သတင်းစာရှင်းလင်း

မြန်မာနိုင်ငံ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များ ကလပ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ခေါင်းဆောင်ဟောင်းတွေက မြန်မာနိုင်ငံမှာအစိုးရအပေါ်ပိုင်း ပြောင်းလဲနေ
ပေမယ့် အောက်ခြေအဆင့် အာဏာပိုင်တွေ မပြောင်းလဲသေးဘူးလို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များကလပ်မှာ ဒီကနေ့ မနက်(၁၀) နာရီ က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ငြိမ်းချမ်းရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
“ကျနော်တို့ အစိုးရက ပြောင်းနေပြီ၊ ပြောင်းနေပေမယ့် အပေါ်ထပ်က ပြောင်းနေတာ သာဖြစ်တယ် ။ အောက်မပြောင်းသေးဘူး။ အောက်ကပြောင်းဖို့လည်း လိုတယ်။ နောက်ပြီးတော့ ပြည်တွင်းစစ်
တွေ ဖြစ်နေတဲ့ ကိစ္စ ဇစ်မြစ်ကလည်း တွေ့ဆုံဆွေးနွေးရေး အနေနဲ့ လုပ်သင့်တယ်။ အဖက်ဖက်ကနေ compromise လုပ်သင့်တယ် ဆိုတဲ့ အဲဒီဥစ္စာကို ကျနော်တို့ အနေနဲ့ ဒါ message ပေးတာ။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုမှာ ကျနော်တို့ ခရိုနီ စီးပွားရေးတွေကို ဟန့်တားနိုင်တဲ့ ဥပဒေတွေရှိလာပြီးတော့ တရားမျှတတဲ့ ဒီလက်လုပ်လက်စားတွေကော လုပ်ငန်းရှင် အသေးလေးတွေ
ကော ရှင်သန်နိုင်တဲ့ ဥပဒေကြမ်းတွေ ထုတ်ပေးပြီးတော့ ဗမာပြည်မှာ လွတ်လပ်စွာ တရားမျှတစွာ ယှဉ်ပြိုင် ခွင့် ပြုနိုင်တဲ့ ဥပဒေကို ထုတ်ပေးမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်လည်း ပြန်ပြီးတော့ ဦးမော့လာမယ်လို့ ယုံကြည်တယ်ဆိုတဲ့ message ပေါ့ဗျာ။”
သူတို့အဖွဲ့အနေနဲ့ ကွဲကွာနေတဲ့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီး သူတို့သဘောထားတွေကို သိခဲ့ရ
ကြောင်း၊ ဒီအဖွဲ့တွေအထဲက တချို့တွေနဲ့ လက်တွဲလုပ်နိုင်မယ့် သဘောတူညီချက်အချို့ရခဲ့တယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။
ဒါအပြင် အင်းတွေကြောင့် ရေမြုပ်နေတဲ့ ဒေသတချို့က ဒေသခံတွေ လူ့အခွင့်အရေး ဆုံးရှုံးနေတာ ကို လည်း တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ် လိုင်ဇာဒေသနဲ့ အချိန်မလုံလောက်လို့ ရခိုင်ပြည်နယ် ဘက်ကို မသွားခဲ့ရတာကတော့ သူတို့မျှော်မှန်းချက် မပေါက်ဘူးလို့  ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ ဦးကိုကိုလေးကတော့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အခု လို ပြောပါတယ်။

No comments:

Post a Comment

My Blog List