Monday, October 15, 2012

ပါရီမြို့ အီဖယ်လ်မျှော်စင်ရှေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မိန့်ခွန်းပြောကြား



ပြင်သစ်နိုင်ငံကို ဖိတ်ကြားချက်နဲ့ ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး သည် ကမ္ဘာကျော် အီဖယ်လ်မျှာ်စင်ရှေ့ ရင်ပြင်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးပွဲတွင် မိန့်ခွန်းပြောကြား ခဲ့သည်။ 

ပြင်သစ်-မြန်မာအဖွဲ့မှ  ဗကသ၊ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို မိတ်ဆက်ပေးသည်။ ထို့နောက် ကိုကိုကြီး က ပြင်သစ်ဘာသာစကားနှင့် နှုတ်ခွန်းဆက် စကားပြောကြားပြီး အင်္ဂလိပ်ဘာသာစကားဖြင့် မိန့်ခွန်း
ပြောကြား ခဲ့သည်။
အဓိကအားဖြင့် လွတ်မြောက်ရေးအတွက် မြန်မာကျောင်းသားမျိုးဆက်များ၏ လှုပ်ရှားမှု၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတို့မှာ နယ်မြေ တစ်ခု၊ ဒေသတစ်ခု၊ လူမျိုးတစ်ခု၊ ဘာသာတရားတစ်ခုတည်းအတွက်သာလျှင် မဟုတ်ဘဲ လူသားအားလုံး၏ လွတ်မြောက်မှုအတွက် လှုပ်ရှားရုန်းကန်ကြခြင်းဖြစ်ကြောင်းနှင့် အစဉ် အဆက် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများတွက် ကျေးဇူးတင်ရှိပါကြောင်းတို့ကို ပြောကြားခဲ့ သည်။ မလွတ်
မြောက်သေးသော လူသားများစွာ ဤကမ္ဘာမြေပြင်ပေါ်တွင် ရှိနေပါသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသား များအတွက် ကူညီစောင့်ရှောက်မှုများစွာကိုလည်း လိုအပ်နေသေးကြောင်း၊ တစ်ဦးမကျန် လွတ်မြောက်မှ သာလျှင် ကမ္ဘာကြီးလည်း လွတ်မြောက်မှာ ဖြစ်ကြောင်း၊ ဤအတွက် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် လက်တွဲ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြား ခဲ့သည်။

No comments:

Post a Comment

My Blog List