Sunday, October 14, 2012

နှစ်ငါးဆယ်ကာလ ပညာရေးညံ့ဖျင်းခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ဝေဖန်ပြောကြား

 

အမေရိကန်ပြည်ထောင်စုသို့ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သွား ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်အတွေ့ အကြုံ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ဒီ/ချုပ်ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

"ကျွန်မတို့ပါတီအနေနဲ့ ယခင်ကထက်စာရင် လုပ်ပိုင်ခွင့်တွေရလာလို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပီပီ ပြင်ပြင်ရပ်တည်လာဖို့ ကြိုးစားနေတဲ့ပါတီတစ်ခုပါ။ ကြိုးစားနေတဲ့ နေရာမှာ မျိုးဆက်သစ်တွေ အများ ကြီးလိုအပ်ပါတယ်။ မျိုးဆက်သစ်တွေကို ရှာတဲ့နေရာမှာ ကျွန်မတို့မြန်မာနိုင်ငံရဲ့ အဓိကပြဿနာတစ် ခုနဲ့တိုးလေ့ရှိပါတယ်။ အဲဒီပြဿနာက ဘာလဲဆိုတော့ နှစ်ပေါင်း ၅ဝ ကြာ အင်မတန်မှ ညံ့ဖျင်းစွာ သင် ကြားခဲ့တဲ့ ပညာရေးပြဿနာပဲ။ အဲဒီပြဿနာတွေကြောင့် မျိုးဆက်သစ်တွေထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ပြည့်ဝတဲ့သူတွေကရှားသွားတယ်။ ပြည်သူတွေ မတော်လို့မဟုတ်ပါဘူး။ ပညာရေးစနစ် ညံ့ဖျင်းတာကြောင့် ဖြစ်ရတာပါ။ ဒါပေမယ့်အကျိုးဆက်ကတော့ ကျန်ခဲ့ပါတယ်။ ဒီအကျိုးဆက်ကို တတ်နိုင်သလောက် ပြုပြင်ဖို့ရုန်းထွက်နိုင်ဖို့ ကျွန်မတို့ကြိုးစားရပါမယ်။
"နောက်တစ်ခုက တိုင်းပြည်မှာ ပညာရေးစနစ်ဟာ အင်မတန်မှ ဆိုးရွားနေပါတယ်။ အခြေခံပညာရေးစ နစ်ဟာ ကျွန်မတို့ကလေးတွေကို တကယ်ပညာပေး စနစ်တော့မဟုတ်ပါဘူး။ ကျောင်းမသွားနိုင်တဲ့ ကလေးတွေကလည်း အင်မတန်များပါတယ်။ အဲဒီတော့နယူးယောက်မှာ ကလေးတိုင်း ကျောင်းသွား ရေးကိစ္စနဲ့ပတ်သက်လို့ပါဝင်ပြီးဆွေးနွေးတာရှိတယ်။ နောက်ပိုင်းမှာ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ အစီ အစဉ်တွေ ရည်ရွယ်ချက်တွေရှိတယ်။ မကြာခင်မှာ စပြီးတော့လုပ်မှာဖြစ်ပါတယ်။ ကျွန်မတို့က အခြေခံ ပညာရေးကိုလည်းလုပ်ရမယ်။ အဆင့်မြင့် ပညာရေးကိုလည်း လုပ်ရမယ်။ အသက်မွေးဝမ်းကျောင်းပ ညာရေး၊ ကျောင်းပြင်ပ ပညာရေးတွေကို လုပ်ရမယ်။ နှစ်ပေါင်း ၅ဝ က မွေးထုတ်လိုက်တဲ့ဘွဲ့ရပြီး ပညာမပြည့်စုံတဲ့၊ ဘွဲ့မရရင်တောင် ကျောင်းပြီးပြီးတော့ ပညာမပြည့်စုံတဲ့၊ ကျောင်းပညာတောင်ပြီး အောင် မသင်နိုင်ခဲ့တဲ့ လူငယ်လူရွယ်ပိုင်းကို ရောက်သွားတဲ့ သူတွေအတွက် ကျွန်မတို့ပညာရေးကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်မပေးရင် ဒဏ်ရာရသွားတဲ့ မျိုးဆက်တွေလိုကျန်ရစ်ခဲ့ပါမယ်။ အဲ ဒီမျိုးဆက်တွေအတွက် ပြန်ပြီးတော့ ပညာသင်ကြားလို့လဲမရတော့တဲ့အခါကျတော့ ပြင်ပ ပညာရေးကို သင်ကြားပေးဖို့ လိုပါတယ်။ အထူးအားပေးပြီး လုပ်ဖို့လည်းရှိပါတယ်။ ကူညီမယ့်သူတွေလည်း ရှိပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ကျွန်မစိတ်အားထက်သန်နေတာတစ်ခုရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ကို ပြည်လည်ပြီးတော့ရှင်သန်ဖို့အတွက် လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတိုင်းမှာ အားလုံးက အားကိုးယုံကြည်ရတဲ့ တက္ကသိုလ်တစ်ခုတော့ ရှိသင့်တယ်။ နိုင်ငံကြီးတွေ ကြည့်လိုက်လို့ရှိ ရင် တက္ကသိုလ်တိုင်းကတော့ အဆင့်အတန်းမတူပါဘူး။ ဒါပေမယ့် ပြောင်မြောက်တဲ့တက္ကသိုလ်တွေ ရှိ တယ်ဆိုတာဟာ တိုင်းပြည်အတွက် အင်မတန်မှ ဂုဏ်ရှိရုံတင်မကဘူး၊ တိုင်းပြည်မှာ တကယ်တော်တဲ့ လူငယ်တွေအတွက်လည်း အခွင့်အလမ်းတွေ ပိုပြီးတော့ရလာမယ်။ အရင်တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်က အောင်သွားတဲ့ကျောင်းသားတွေဆိုရင် ကမ္ဘာ့ပညာရေးအဆင့်ကိုမီတဲ့ ပညာသင်ကြားမှုတွေကို ရခဲ့ကြတယ်။ အဲဒါတွေဟာအတိတ်မှာ ကျန်ခဲ့တယ်ဆိုပေမယ့် ဒါတွေကို ပြန် ပြီးတော့ဖော်ထုတ်ရမယ်။ ရန်ကုန်တက္ကသိုလ်ကို အရင်တုန်းကလို လျှမ်းလျှမ်းတောက်ဖြစ်လာအောင် ဝိုင်းပြီးတော့ ကြိုးစားသင့်ပါတယ်"

No comments:

Post a Comment

My Blog List