Sunday, October 14, 2012

နိုင်/ကျဉ်းနေ့ သတ်မှတ်ရေး မတူတဲ့ အမြင်

  Photo: နိုင်/ကျဉ်းနေ့ သတ်မှတ်ရေး မတူတဲ့ အမြင်
Sunday, October 14, 2012  

သက်ဝင်းအောင်ကို ချစ်ပါသည်။ ကိုယ်တိုင်လည်း အခြေခံပညာကျောင်းသား
ဘ၀နှင့် ထောင်ထဲ ၀င်ခဲ့ရသူ ချင်းမို့ ပိုလေးစားသနားမိပါသည်။ 

ကိုပြုံးချို ကိုတော့ ရိုးသားလွန်းလို့  လူချင်းလည်း ခင်မင်ကြပါသည်။ သို့ပေမယ့် သမိုင်းကြောင်း သေသည် အထိ ကောင်းလာသော
သက်ဝင်းအောင်ကို သေပြီးကာမှ သူများအပြစ်တင်စရာဖြစ်မည့် အခြေအနေ
များကိုသုံးသပ်ကြစေချင်ပါသည်။ 

နိုင်ငံရေးအကျဉ်းသားများနေ့ ကို ရခိုင်အမျိုးသားများက ဦးဥတ္တမ နေ့ ကို တင်သွင်းဖူးပါသည်။ထောင်တွင်းအာဏာပိုင် ကြိုးမိန့်ပေးသတ်ခံခဲ့ရသည့် 
ဆလိုင်း တင်မောင်ဦးကြိုးပေးခံရသည့် နေ့ကို ပြည်တွင်းရောပြည်ပမှာ
အကြိမ်ကြိမ် တင်ဖူးကြပါသည်။ 

သာယာဝတီထောင်အတွင်း အစာငတ်ခံရင်းသေဆုံးသွားသည့် ကိုဂါမဏိ၏ ညီရင်း ကိုအောင်ကျော်မိုး သေဆုံးသည့်နေ့ကိုလည်း တင်သွင်းကြဖူး
ပါသည်။ 

တဖွဲ့ တစု တစ်စုံတဦးကတော့ သက်ဝင်းအောင် ကို အသုံးချသလိုမျိုးဖြစ်မှာ
စိုးမိပါသည်။ သူ့ သမိုင်းကြောင်းလေး ဖြူစင်ခဲ့ကောင်းမွန် ခဲ့တာသတိပြု
ကြပါ ။

အထူးသဖြင့် စလိုင်းတင်မောင်ဦး ကို သတိပြုကြစေချင်ပါသည်။ ကျမ အနေနှင့် နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ယောက်အနေနှင့်သက်ဝင်းအောင်
အပေါ် ငြင်းစရာမရှိပါ ။ 

သို့သော် ကြိုးပေး အသတ်ခံရသည့် ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရသည့်
နေ့ကို တင်သွင်းခဲ့ကြသည်ကိုကျော်ဖြတ်ရန်မှာ မသင့်များမသင့်ဘူးလားလို့ ။ 

အိရွှေစင် --

နိုင်ငံရေးအကျဉ်းသူဟောင်း 

irrawaddy

No comments:

Post a Comment

My Blog List