Monday, October 15, 2012

နိုင်ငံတစ်ဝန်းလုံးတွင် သြဂုတ်လနှင့် စက်တင်ဘာလ၌ မီးလောင်မှုကြောင့် အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊ အလုပ်ရုံသုံးရုံ ဆုံးရှုံးကာ လူခြောက်ဦးသေဆုံး

Photo: နိုင်ငံတစ်ဝန်းလုံးတွင် သြဂုတ်လနှင့် စက်တင်ဘာလ၌ မီးလောင်မှုကြောင့် အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊ အလုပ်ရုံသုံးရုံ ဆုံးရှုံးကာ လူခြောက်ဦးသေဆုံး  
Sunday, 14 October 2012 

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ
အတွင်း မီးလောင်မှုစုစုပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကျပ်သန်းပေါင်း ၁၇၇ ဒသမ ၇၄ သန်း ခန့်ဆုံးရှုံးခဲ့ကာ အိမ်ခြေ၊ အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊အလုပ်ရုံသုံးရုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

အဆိုပါနှစ်လအတွင်း မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းလူခြောက်ဦး
 သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်၊၊ ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုသည် ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ မီးလောင်မှုထက် ၂၅ ကြိမ်ပိုမိုများပြားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၁၂၀ ကျော် ခန့်ပိုမိုလာကြောင်း တွေ့ရှိရသည်။

အဆိုပါ နှစ်လတာအတွင်း မီးလောင်မှုစုစုပေါင်း ၁၀၃ ကြိမ်တွင် မီးဖိုမီးအပါ
အ၀င် ပေါ့ဆမှုကြောင့်လောင်သောမီး ၆၅ ကြိမ် ပါဝင်နေကြောင်း တွေ့ရှိ
ရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး ကျေးရွာများမီးလောင်မှုသည် နှစ်လအတွင်း မီးလောင်မှုပေါင်း ၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် ၂၄ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် အဆိုပါနှစ်လအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုအကြိမ်
များကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆန်းစစ်ရာတွင် သြဂုတ်လ၌ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးနှင့် မကွေးတိုင်းဒေသကြီးမှာ ဒုတိယအများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တတိယအများဆုံးဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင်မူ ရန်ကုန်တိုင်းဒေသကြီး
၌ အကြိမ်အများဆုံး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း
ဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ ဒုတိယအကြိမ်
အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်
တို့၌ တတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုများ၏ ဆုံးရှုံးမှုတန်ဖိုးများကို ပြည်နယ်နှင့် တိုင်းဒေသကြီး
အလိုက် ဆန်းစစ်ရာတွင်လည်း သြဂုတ်လ၌ မကွေးတိုင်းဒေသကြီးတွင် ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး စက်တင်ဘာလတွင်မူ ဧရာဝတီတိုင်းဒေသကြီး၌ ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုအကြိမ် အများဆုံးဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မီးလောင်မှုအကြိမ် ၃၀ တွင် မီးဖိုမီးအပါ
အ၀င် ပေါ့ဆမှုကြောင့် လောင် သောမီးမှာ ၁၄ ကြိမ် ပါဝင်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ကိုးလတာအတွင်း နိုင်ငံ
တစ်ဝန်းလုံးမီးလောင်မှု ၆၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းခြေ ကျပ် ၆၅၆ ဒသမ ၈၁ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။
eleven media group
 
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှု စုစုပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကျပ်သန်းပေါင်း ၁၇၇ ဒသမ ၇၄ သန်း ခန့်ဆုံးရှုံးခဲ့ကာ အိမ်ခြေ၊ အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊အလုပ်ရုံသုံးရုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်း ရရှိပါသည်။

အဆိုပါနှစ်လအတွင်း မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းလူခြောက်ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့
ကြောင်း သိရှိရသည်၊၊ ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုသည် ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ မီးလောင်မှုထက် ၂၅ ကြိမ်ပိုမိုများပြားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၁၂၀ ကျော် ခန့်ပိုမိုလာကြောင်း တွေ့ရှိရသည်။

အဆိုပါ နှစ်လတာအတွင်းမီးလောင်မှုစုစုပေါင်း၁၀၃ကြိမ်တွင်မီးဖိုမီးအပါအ၀င် ပေါ့ဆမှုကြောင့်လောင်သော မီး ၆၅ ကြိမ် ပါဝင်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး ကျေးရွာများ မီးလောင်မှု
သည် နှစ်လအတွင်းမီးလောင်မှုပေါင်း ၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် ၂၄ သန်းခန့်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် အဆိုပါနှစ်လအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုအကြိမ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက်ဆန်းစစ်ရာတွင် သြဂုတ်လ၌ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးနှင့် မကွေးတိုင်းဒေသကြီးမှာဒုတိယအများဆုံး၊ရန်ကုန်တိုင်းဒေသကြီးတွင်တတိယအများဆုံးဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင်မူ ရန်ကုန်တိုင်းဒေသကြီး၌ အကြိမ်အများဆုံး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ ဒုတိယအကြိမ်အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့၌ တတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုများ၏ဆုံးရှုံးမှုတန်ဖိုးများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ဆန်းစစ်ရာတွင်လည်းသြဂုတ်လ ၌ မကွေးတိုင်းဒေသကြီးတွင် ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး စက်တင်ဘာလတွင်မူ ဧရာဝတီတိုင်းဒေသကြီး၌ ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုအကြိမ် အများဆုံးဖြစ်ပွားခဲ့သော မန္တလေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မီးလောင်မှုအကြိမ် ၃၀ တွင် မီးဖိုမီးအပါ
အ၀င် ပေါ့ဆမှုကြောင့် လောင်သောမီးမှာ ၁၄ ကြိမ် ပါဝင်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ကိုးလတာအတွင်း နိုင်ငံတစ်ဝန်းလုံး မီးလောင်မှု ၆၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းခြေ ကျပ် ၆၅၆ ဒသမ ၈၁ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန မှ သတင်းရရှိပါသည်။

No comments:

Post a Comment

My Blog List