Monday, October 15, 2012

ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး





ArakanStudentcongress 











ယနေ့ အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂြစ်ဖက်ဘုန်းကြီးကျောင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော၊ ရဟန်းပျို သမဂ္ဂမှ ရဟန်းတော်များ၊ စစ်တွေမြို့ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ များ လူပေါင်း(၁၀၀)ကျော်ခန့် တက်ရောက်လာကြပြီး နေ့လည် (၁)နာရီခွဲတွင် အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
"အခမ်းအနား ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေ နဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ရသင့်၊ ရထိုက်တဲ့အရာတွေကို ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ထံမှာ တောင်းဆိုသွားဖို့အတွက်ဖြစ်ပါတယ်။ အဓိက ကျနော်တို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ လိုချင်တဲ့ အချက်(၅)ချက်ကို တောင်းဆိုထားပါတယ်"ဟု စစ်တွေတက္ကသိုလ်ကျောင်းသား တစ်ဦးက ပြော သည်။
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာဦးလှစော၊ ယခင်ကျောင်းသားသမဂ္ဂ တည်ထောင်ခဲ့သောအတွေ့အကြုံရှိဝါရင့်ပုဂ္ဂိုလ်များနှင့်မြို့မိ၊မြို့ဖများကအကြံအဥာဏ်များပေးအပ် ပြောကြားပြီး ရခိုင်ကျောင်းသား သမဂ္ဂမှ အောက်ပါအချက်(၅)ချက်အား နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုလိုက်သည်။
၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံး
ဖြည့်ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန်စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ် အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာ လမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင် များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီ ကားများကို ဆောက်ရွက်ပေးရန်။
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွ ပညာ သင်ကြားခြင်းမှ ရပ်တန့်ပေးရန်။
ရခိုင်ပြည်တက္ကသိုလ်များတွင် လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်းအခက်ခဲများနှင့် ပက်သက်လို့ "ကျနော် တို့ ကွန်ပျူတာကျောင်းမှာဆိုရင် အရင်ကတည်းက မီးစက်မရှိလို့ လက်တွေ့မလေ့ကျင့်ရဘူး၊ အဲဒီလိုဘဲ နည်းပညာတက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်မှာဆိုရင်လည်း မိမိတို့ဘာသာရပ်နဲ့ ဆက်စပ်တဲ့ သင်ထောက် ကူပစ္စည်းတွေဘာမှမရှိဘူး၊ ရှိခဲ့ရင်လည်း ကျောင်းသားတွေ လက်တွေ့အသုံးပြုလို့မရဘူး ဘာလို့လည်း ဆိုတော့ တစ်ခုတည်းဘဲရှိလို့"ဟု  အခမ်းအနားသို့တက်ရောက်လာသော ကွန်ပျူတာကျောင်းသားဟောင်း တစ်ဦးက ပြောသည်။
ရခိုင်ကျောင်းသားသမဂ္ဂကို ရခိုင်ပြည်နယ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စစ်တွေ တက္ကသိုလ် (၃)ခုပေါင်းစည်းပြီး ဗဟိုကော်မတီဝင် ကျောင်းသား၊ ကျောင်းသူပေါင်း(၃၀)ကျော်ဖြင့် ဖွဲ့စည်း ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List