Monday, October 15, 2012

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ




                                                                                                          
bagaliprison 











ကျော်နီမော်ကျေးရွာရှိစရဖရုံးအားဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသောအကျဉ်းသားထွန်းဝင်း(ခေါ်)   ဂျော်မာလာဒိန်အသက်-၃၉နှစ်အဘသန်းအောင်သည် ထောင်မှူးတင်စိုးနှင့်ပူးပေါင်းကာ ထောင်ပြင်ပတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သတင်းရရှိသည်။

ယင်းနှစ်ကြီးတရားခံသည်ရခိုင်ပြည်ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှဘင်္ဂလီမူဆလင်တစ်ဦးဖြစ်ပြီး ပြစ်ဒဏ် ကျခံနေရစဉ် ထောင်မှူးဦးတင်စိုးနှင့်ပေါင်းကာ ထောင်ပြင်ပ၌အရပ်ဝတ်ဖြင့် ထောင်ခြံဝန်းအတွင်း အုတ် လုပ်ငန်းကိုလုပ်ကိုင်နေကြောင်း၊ ကျောက်နီမော်ဘင်္ဂလီများထံသို့ ကျောက်ဖြူမှဓါတ်ဆီ၊ဒီဇယ်ဆီအစရှိသော   လောင်စာဆီများ၊ ဆန်၊ ဆီ၊ဆားစသောစားသောက်ကုန်ပစ္စည်းများကိုတင်ပို့လျှက်ရှိပြီးရရှိသောအမြတ်ငွေ များကို ထောင်းမှူးဦးတင်စိုးအား ရာခိုင်နှုန်းအလိုက်ခွဲဝေပေးကြောင်း သိရှိရသည်။
"သူအဲဒီလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အဲဒီဂျော်မာလာဒိန်ရဲ့ ဇနီးဒေါ်ခင်ခင်နိုင်ကနေ လိုအပ်တဲ့ ငွေကြေးတွေကို ပေးပို့ပါတယ်၊ ပြီးတော့ ကျော်နီမော်ကနေ ထွက်ရှိတဲ့ ရေထွက် ပစ္စည်းတွေဖြစ် တဲ့ ငါးတွေကို ကျောက်ဖြူကို တင်ပို့ပြီးတော့ ထောင်မှူးတင်စိုးနဲ့ အတူ ထောင်အပြင်ကိုထွက်ကာ အရပ် ၀တ်တွေ ၀တ်ပြီးတော့ ကျောက်ဖြူမြို့အတွင်းမှာ ရောင်းချစီးပွားရှာနေတာကို ကျနော်တို့တွေ့နေရ ပါတယ် " ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောသည်။
၎င်းတရားခံဂျော်မာလာဒိန်အား ထောင်မကျမီအချိန်အတွင်းသံတွဲမြို့အာမီဆတ်အဖွဲ့မှတရားခံအား ငွေကြေး များထောက်ပံ့ပေးလျှက်ရှိကြောင်း၊ ကျောက်နီမော် စရဖရုံးအားဖြိုခဲ့စဉ် ပါရှိသည့်တခြားတရားခံ(၁၀)ဦးအား လည်း ငွေကြေးအမြောက်အမြားပေးဆောင်ကာ အမှုပပျောက်ရန် ပြုလုပ်ခဲ့မှုများရှိပြီး ဂျော်မာလဒိန်မှာ ယင်းအမှု၌ခေါင်းဆောင်ဖြစ်နေသဖြင့် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
"အခုလို နိုင်ငံတော်ပိုင် အဆောက်အအုံကို ဖျက်ဆီးပြီး ပြစ်ဒဏ်ကျခံနေရသူတစ်ဦးကို အခွင့်အရေးတွေ
ပေးပြီး စီးပွားရေးတွေအတူလုပ်ကိုင်နေတာဟာ တရားဥပဒေစိုးမိုးရေးကို ထိုက်ခိုက်စေနိုင်ပြီးတော့ အစိုးရ ၀န်းထမ်းတွေအပေါ် ပြည်သူတွေအနေနဲ့ ယုံကြည်မှုပျက်တာပေါ့"ဟု ယင်းလူငယ်၏ အမြင်ကို ဆက်ပြော သည်။
ဂျော်မာလာဒိန်ခေါင်းဆောင်သည့်လူတစ်စုသည်၂၀၀၉ခုနှစ်၊ဇွန်လ(၂၉)ရက်နေ့တွင်ရမ်းဗြဲမြို့ ကျောက်နီမော်
ကျေးရွာရှိ စရဖရုံးအား ၀င်ရောက်စီးနင်း ဖြိုဖျက်ကာ ကျောက်နီမော် ရဲစခန်းကို လူအုပ်ဖြင့်ဝိုင်းကာရမ်းကား ခဲ့၍ သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးကာ တရားရုံးမှ ၂၁ ရက်၊ ၁ လပိုင်း၊ ၂၀၁၁ ခုနှစ်တွင် ပြစ်ဒဏ် (၂၀)နှစ် ချမှတ်လိုက်ကြောင်း၊ တရားခံဂျော်မာဒိန်မှာ အယူခံဝင်၍ အောင်သွား ရာ ပြစ်ဒဏ်(၆)နှစ်လျှော့ ချ ပြီး ထောင်ဒဏ်(၁၄)နှစ် ပြန်လည်ချမှတ်လိုက်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် တွင် ထောင်ဒဏ် (၄နှစ်၊ ၆လ)နှင့် ပြစ်ဒဏ်လျှော့ကျခွင့်ရရှိကာ ယင်းတရားခံ မှာ နောက်ထပ် ထောင်ဒဏ် (၆)နှစ်နှင့် (၂)လ ကျခံနေရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List