Tuesday, August 14, 2012

PNG ဓာတ်ပုံများ၏ ဖိုင်အရွယ်အစားကို PNGGauntlet ဖြင့် ချုံ့ခြင်း

PNG ဆိုတာဟာ အချက်အလက် ဆုံးရှုံးမှုမရှိစေဘဲ အချက်အလက်များကိုချုံ့ပေးထားတဲ့ lossless image format တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ screenshot များကဲ့သို့ စာသားနဲ့ ဂရပ်ဖစ်များအတွက် အလွန်သင့်တော်   ပေမယ့် JPEG ဓာတ်ပုံများထက် ဖိုင်အရွယ်အစား ကြီးမားနိုင်တဲ့ အားနည်းချက်ရှိပါတယ်။ ဒါကြောင့် PNG ဓာတ်ပုံတွေကို လျင်မြန်စွာဖွင့်နိုင်ပြီး သိုလှောင်မှုပမာဏအနည်းငယ်နဲ့ သိမ်းဆည်းနိုင်စေရန်အတွက် အခမဲ့ Windows program တစ်ခုဖြစ်တဲ့ PNGGauntlet နဲ့ ဖိုင်အရွယ်အစား လျှော့ချပုံကို ဖော်ပြလိုက်ပါတယ်။ 



- PNGGauntlet ကို အသုံးပြုရန်အတွက် Microsoft .NET framework 4.0 ကို install လုပ်ထားရပါမယ်။  Install မလုပ်ရသေးသူများ http://download.cnet.com/Microsoft-NET-Framework-4/3000-10250_4-75450154.html တွင် download လုပ်ပြီး install လုပ်ပါ။
- ထို့နောက် PNGGauntlet ကို http://pnggauntlet.com တွင် download လုပ်ပြီး install လုပ်ပါ။
- Install ပြုလုပ်ပြီးပါက PNGGauntlet ကိုဖွင့်ပါ။ ဖိုင်အရွယ်အစားချုံ့လိုတဲ့ PNG ဖိုင်များကို screen ပေါ်သို့ drag လုပ်ခြင်းဖြင့်လည်းကောင်း၊ Add Images ခလုတ်ကို နှိပ်ပြီး ထည့်သွင်းခြင်းဖြင့်လည်းကောင်း ပြုလုပ်ပါ။
- ထို့နောက် Output Directory ကို ရွေးချယ်ပြီး Optimize! ခလုတ်ကိုနှိပ်ပါ။

အထက်ပါ နည်းလမ်းအတိုင်းပြုလုပ်ပြီးသွားပြီဆိုရင်တော့ အရည်အသွေးမလျော့ဘဲ မူလဖိုင်ထက် အရွယ်အစား လျှော့ချပေးထားတဲ့ PNG ဖိုင်များကို ရရှိမှာဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List