Friday, August 17, 2012
လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ ချင်းမိုင်ကို ရောက်ရှိ
ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ လေ့လာသင်ကြားနိုင်ဖို့ မြန်မာနိုင်ငံက ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ စုစုပေါင်း ၂၀ ခန့် ဒီကနေ့ ညနေပိုင်းမှာ ချင်းမိုင်မြို့ကို ရောက် ရှိလာပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး ၂ ပတ်ကြာ ပြုလုပ်မယ့် ဒီသင်တန်းမှာ ချင်းမိုင် တက္ကသိုလ်က ဆရာတွေက ဒေသန္တရ အုပ်ချုပ် ရေးပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း ဒီသင်တန်းကို စီစဉ်ခဲ့တဲ့ ချင်းမိုင်အခြေစိုက် ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ရဲ့ ခေါင်း ဆောင် တစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက အာအက်ဖ်အေကို ပြောပါတယ်။
"အဓိကကတော့ ကျွန်တော်တို့ သင်တန်းကဗျာ။ Local Government ခေါ်တာပေါ့နော်။ ဒေသန္တရ အုပ်ချုပ်ရေးပေါ့၊ ဆိုတော့ အထူးသဖြင့် ပါတဲ့အမတ်တွေကတော့ ပြည်နယ်တိုင်းအဆင့်က အမတ်တွေပဲ များပါတယ်၊ မှန်းခြေ ၂၀ လောက်ရှိမယ်။ အကုန် အမတ်တွေချည်းပဲ မဟုတ်ဘူးဗျ။ တခြား နိုင်ငံရေး ပါတီတွေလည်း ပါတယ်ဗျ။ သူတို့တွေကတော့ အထူးသဖြင့် ချင်းမိုင် တက္က သိုလ်က ဆရာတွေလည်း ပို့ချမယ်။ ပြီးတော့ ထိုင်းမှာလုပ်ခဲ့တဲ့ အောက်ခြေ ဒေသန္တရ အုပ်ချုပ်ရေး အတွေ့အကြုံတွေပါ သူတို့ လေ့လာမယ်။ ကျွန်တော်တို့ကတော့ တချို့ သီအိုရီ သဘောမျိုး ပို့ချတာပါမယ်။ နောက်တခါကျတော့ တချို့ အုပ်ချူပ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ဟာမျိုး တချို့ ပို့ချတာပါမယ်"
ဒီသင်တန်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်၊ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်ဖြူ ဖြူငြိမ်း၊ မန္တလေးတိုင်း တံတားဦးမြို့နယ် ကိုယ်စားလှယ် ဦးနန်းထိုက်နဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကိုယ်စားလှယ် ဦးမြတ် မိုးမြင့်တို့ အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment