Friday, August 17, 2012

၇ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်


မောင်မောင်မြင့်သန်းမောင် ~
ကမ္ဘာသုံး အင်္ဂလိပ် ပြက္ခဒိန်၏ ဇန်နဝါရီလမှ ဇွန်လအတွင်း ၇ ရက်၊ ၁၆ ရက်နှင့် ၂၅ ရက်နေ့များတွင် မွေးဖွားသော ၇ ဂဏန်းပိုင်ရှင်တို့ အတွက် အသုံးချ ဂဏန်းဗေဒင် နည်း လမ်းများကို ရေးသားဖော်ပြပါမည်။

ဇန်နဝါရီလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

ဇန်နဝါရီလ ၇ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းများမှာ ၂ ဂဏန်းနှင့် ၇ ဂဏန်းများဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက် များတွင် အရေးကြီးသော လုပ်ငန်း ကိစ္စများကို လုပ်ကိုင်သင့်သည်။ ထီ ထိုးသင့်သည်။

၎၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များတွင် မွေးဖွားသော ၄ ဂဏန်းနှင့် ၈ ဂဏန်းရက်ဖွား များသည် မိမိအား မကောင်းကျိုး ပေးတတ်သည်။
အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံး ပေါင်းရကိန်း ၂ သို့ မဟုတ် ၇ ဂဏန်းရသော နံပါတ် များကို ရွေးချယ်သင့်သည်။
ထီအက္ခရာအဖြစ် ခ၊ ဆ၊ ဋ၊ တ၊ န၊ မ နှင့် ဝ အက္ခရာများကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင် များမှာ အဖြူရောင်၊ နို့နှစ်ရောင်အစိမ်း ရောင်နှင့် မီးခိုးနုရောင်များဖြစ်သဖြင့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းအရောင်များအဖြစ် ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း စေတတ်သော၊ မိမိနှင့်ဓာတ်တည့် သော ကျောက်မျက်ရတနာများဖြစ် သည့် အစိမ်းရောင်ကျောက်စိမ်း၊ လ ကျောက်(မြော)နှင့် ပုလဲတို့ကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားသင့်သည်။

မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များတွင် မွေးဖွား သော ၂ ဂဏန်းရက်ဖွားများနှင့် ၇၊ ၁၆ နှင့် ၂၅ ရက်များတွင် မွေးဖွား သော ၇ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။ သင့်မြတ်မည်။
မိမိဘဝ သက်တမ်းတွင် အရေး ကြီးသော အကျိုးအပြစ်ထူးထူးခြား ခြား ဖြစ်ပျက်တတ်သော အသက်နှစ် များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်များဖြစ်ကြ သည်။

ဖေဖော်ဝါရီလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

ဖေဖော်ဝါရီလ ၇ ဂဏန်းရက် ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၂ ဂဏန်းနှင့် ၇ ဂဏန်းများပင်ဖြစ်သည်။
မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂ဝ နှင့် ၂၉ ရက်များဖြစ်သော ၂ ဂဏန်းရက်ဖွားများ၊ ၇၊ ၁၆ နှင့် ၂၅ ရက်များဖြစ်သော ၇ ဂဏန်း ရက်များတွင် အရေးကြီးသော လုပ် ငန်းဆောင်တာများကို ဆောင်ရွက် သင့်သည်။

မိမိအတွက် ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်ဖြစ်သော ၄ ဂဏန်းရက် များ၊ ၈၊ ၁၇ နှင့် ၂၆ ရက်များဖြစ် သော ၈ ဂဏန်းရက်များသည် မကောင်းကျိုးပေးတတ်သဖြင့် အထူး ရှောင်ကြဉ်သင့်သည်။
အဆိုပါ ၄ ဂဏန်းနှင့် ၈ ဂဏန်း ရက်ဖွားများသည်လည်း မိမိ အားဒုက္ခပေးတတ်သဖြင့် အထူး သတိထား ဆက်ဆံသင့်သည်။ ဖြစ် နိုင်ပါက ရှောင်ကြဉ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့ မဟုတ် ၇ ဂဏန်းရသော နံပါတ်များ ကိုသာ ရွေးချယ်သင့်သည်။
ထီအက္ခရာစသည့် အက္ခရာ များ နှင့်ပတ်သက်၍ ခ၊ ဆ၊ ဋ၊ တ၊ န၊ မ နှင့် ဝ အက္ခရာများကို ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသော အရောင် များမှာ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်း ရောင်နှင့် မီးခိုးရောင်များဖြစ် သဖြင့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင်ပစ္စည်းများ အရောင် များအဖြစ် ရွေးချယ်ဝတ်ဆင် အသုံး ပြုသင့်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်ဖွားဖြစ် ပါက ခရမ်းရောင်၊ ခရမ်းနုရောင် နှင့် မရမ်းပြာရောင်များသည်လည်း ကံနိမိတ် ကောင်းစေတတ်သဖြင့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းအရောင်များအဖြစ် ရွေးချယ်သင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း စေတတ်သော၊ မိမိနှင့် ဓာတ်တည့် သော ကျောက်မျက်ရတနာများဖြစ် သည့် ကျောက်စိမ်း၊ လကျောက်( မြော)နှင့် ပုလဲတစ်မျိုးမျိုးကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထား သင့်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်ဖွား ဖြစ် ပါက ခရမ်းရောင် သလင်းကျောက် နှင့်လည်းဓာတ်တည့်သည်။ အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားနိုင် သည်။

မည်သည့်လတွင်မဆို မွေးဖွား သော ၂ ဂဏန်းရက်ဖွားများနှင့်၇ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိသည်။ သင့်မြတ်မည်။
မိမိဘဝ သက်တမ်းအတွက် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်များ ဖြစ်ကြသည်။

မတ်လ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

မတ်လ ၇ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများမှာ ၂ ဂဏန်း၊ ၃ ဂဏန်းနှင့် ၇ ဂဏန်းတို့ဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၂၊ ၃၊ ၇၊ ၁၁၊ ၁၂၊ ၁၆၊ ၂ဝ၊ ၂၁၊ ၂၅၊ ၂၉ နှင့် ၃ဝ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို လုပ်ဆောင်သင့် သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့မဟုတ် ၃ သို့မဟုတ် ၇ ဂဏန်း ရရှိသော နံပါတ်များကိုသာ ရွေးချယ် သင့်သည်။
ထီအက္ခရာစသည့် အက္ခရာ များနှင့်ပတ်သက်၍ ခ၊ ဂ၊ ဆ၊ ဋ၊ ဋ္ဌ၊ တ၊ န၊ ပ၊ မ၊ ဝ နှင့် သ အက္ခ ရာများကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင် များမှာ အဖြူရောင်၊ နို့နှစ်ရောင်၊ ခရမ်း ရောင်၊ ခရမ်းနုရောင်၊ မရမ်းပြာရောင်၊ အစိမ်းရောင်(အနုဖြစ်စေ၊ အရင့်ဖြစ် စေ) နှင့်ခိုပြာရောင်စသည်တို့ဖြစ် သဖြင့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင်ပစ္စည်းအရောင်များ အဖြစ် ရွေးချယ် ဝတ်ဆင်အသုံးပြု သင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း စေတတ်သော၊ မိမိနှင့်ဓာတ်တည့် သော ကျောက်မျက်ရတနာများဖြစ် သည့် အစိမ်းရောင်ကျောက်စိမ်း၊ လကျောက်(မြော)၊ ပုလဲနှင့် ခရမ်း ရောင် သလင်းကျောက်တစ်မျိုးမျိုး ကို အဆောင်ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သည့် ၁ ဂဏန်းရက်ဖွား၊ ၂ ဂဏန်း ရက်ဖွား၊ ၄ ဂဏန်းရက်ဖွား၊ ၇ ဂဏန်း ရက်ဖွားများနှင့် သင့် မြတ် မည်။ အဆင်ပြေမည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုး၊ အပြစ် ထူးထူး ခြားခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်မျာဖြစ်ကြ သည်။

ဧပြီလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

ဧပြီလ ၇ ဂဏန်းရက်ဖွားများ အတွက် အရေးပါသော ဂဏန်းများ မှာ ၂ နှင့် ၇ ဂဏန်းများဖြစ်ကြ သည်။
မည်သည့်လတွင်မဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက်များ တွင်အရေးကြီးသော ကိစ္စများကို လုပ်ဆောင်သင့်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်မျာကို ဂဏန်းအားလုံးပေါင်းရ ကိန်း ၂ သို့မဟုတ် ၇ ဂဏန်းရ သော နံပါတ်များကို ရွေးချယ်သင့် သည်။
ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ ခ၊ ဆ၊ ဋ၊ တ၊ န၊ မနှင့် ဝ အက္ခရာများကို ရွေးချယ် သင့်သည်။
ကံနိမိတ်ကောင်းသော အရောင် များဖြစ်သည့် အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ အနီရောင်၊ ကြက်သွေး ရောင်၊ ပန်းရောင်နှင့် ခိုပြာရောင် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းများကို ရွေးချယ် ဝတ် ဆင်အသုံးပြုသင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း သော၊ မိမိနှင့်ဓာတ်တည့်သော ပုလဲ၊ လကျောက်(မြော)၊ ပတ္တမြား၊ ကျောက်နီနှင့် ကျောက်စိမ်း တစ်မျိုး မျိုးကို အဆောင်ရတနာအဖြစ် အမြဲ ဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွား သည့် ၂ ဂဏန်းရက်ဖွားများနှင့် ၇ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိမည်။ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်တွင် မွေးဖွားသော ၁ ဂဏန်း ရက်ဖွားများနှင့်လည်း သင့်မြတ်မည်။
မိမိ၏ ဘဝသက်တမ်းတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော သက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်များဖြစ်ကြ သည်။

မေလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

မေလ ၇ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၂၊ ၆ နှင့် ၇ ဂဏန်းများဖြစ်ကြ သည်။
မည်သည့်လတွင်မဆို ၂၊ ၆၊ ၇၊ ၁၁၊ ၁၅၊ ၁၆၊ ၂ဝ၊ ၂၄၊ ၂၅ နှင့် ၂၉ ရက်နေ့များတွင် အရေးကြီးသော လုပ် ငန်းကိစ္စများကို အကောင်အထည် ဖော်သင့်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့မဟုတ် ၆ သို့မဟုတ် ၇ ဂဏန်း ရရှိသော နံပါတ်မျာကို ရွေးချယ်သင့် သည်။
ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ ခ၊ စ၊ ဆ၊ ဋ၊ ဏ၊ တ၊ န၊ ဘ၊ မ နှင့် ဝ အက္ခရာ များကို ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသောအရောင် မျာဖြစ်သည့် အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ အပြာရောင်(အနု၊ အရင့်)၊ နှင့်ခိုပြာရောင်အဝတ်အထည်၊

ယာဉ်၊ ကား၊ အသုံးအဆောင် ပစ္စည်း များကို ရွေးချယ်ဝတ်ဆင် အသုံးပြု သင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း သော၊ မိမိနှင့်ဓာတ်တည့်သော ပုလဲ၊ လကျောက်(မြော)၊ တာကွိုက် ကျောက်နှင့် မြ တစ်မျိုးမျိုးကို အဆောင် ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွား သည့် ၂ ဂဏန်း၊ ၆ ဂဏန်း နှင့် ၇ ဂဏန်း ရက်ဖွားများနှင့်လည်း အဆင် ပြေမည်။

မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၆၊ ၇၊ ၁၁၊ ၁၅၊ ၁၆၊ ၂ဝ၊ ၂၄၊ ၂၅၊ ၂၉၊ ၃၃၊ ၃၄၊ ၃၈၊ ၄၂၊ ၄၃၊ ၄၇၊ ၅၁၊ ၅၆၊ ၆၁၊ ၆၉ နှင့် ၇ဝ နှစ်များဖြစ်ကြ သည်။

ဇွန်လ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

ဇွန်လ ၇ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၂၊ ၅ နှင့် ၇ ဂဏန်းများဖြစ်ကြ သည်။
မည်သည့်လတွင်မဆို ၂၊ ၅၊ ၇၊ ၁၁၊ ၁၄၊ ၁၆၊ ၂ဝ၊ ၂၃၊ ၂၅ နှင့် ၂၉ ရက်နေ့များတွင် အရေးကြီးသော လုပ် ငန်းကိစ္စများကို လုပ်ဆောင်သင့် သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့မဟုတ် ၅ သို့မဟုတ် ၇ ဂဏန်း ရရှိသော နံပါတ်များကို ရွေးချယ်သင့် သည်။
ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ ခ၊ င၊ ဆ၊ ဋ၊ ဎ၊ တ၊ န၊ ဗ၊ မ နှင့် ဝ အက္ခရာ များကို ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသောအရောင် မျာဖြစ်သည့် အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ နုသောအခြားအရောင် များနှင့်ခိုပြာရောင် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင် ပစ္စည်း များကို ရွေးချယ်ဝတ်ဆင် အသုံးပြု သင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း သော၊ မိမိနှင့်ဓာတ်တည့်သော ပုလဲ၊ လကျောက်(မြော)၊ အစိမ်းရောင် ကျောက်စိမ်းနှင့် စိန်တစ်မျိုးမျိုးကို အဆောင် ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွား သည့် ၂ ဂဏန်းနှင့် ၇ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှု ရှိမည်။
မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ် များဖြစ်ကြသည်။

ဇူလိုင်လ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

ဇန်နဝါရီလ ၇ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းများမှာ ၂ ဂဏန်းနှင့် ၇ ဂဏန်းများဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက် များတွင် အရေးကြီးသော လုပ်ငန်း ကိစ္စများကို ဆောင်ရွက်သင့်သည်။ ထီထိုးသင့်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံး ပေါင်းရကိန်း ၂ သို့ မဟုတ် ၇ ဂဏန်းရသော နံပါတ် များကို ရွေးချယ်သင့်သည်။

ထီအက္ခရာအဖြစ် ခ၊ ဆ၊ ဋ၊ တ၊ န၊ မ နှင့် ဝ အက္ခရာများကို ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသော အရောင် များမှာ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်း ရောင်နှင့် ခိုပြာရောင်တို့ ဖြစ်သဖြင့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းအရောင် များအဖြစ် ရွေးချယ်ဝတ်ဆင်အသုံးပြု သင့်သည်။

ဇူလိုင်လ ၂၅ ရက်တွင် မွေးဖွား သူဖြစ်ပါက ဖော်ပြပါ အရောင်များ အပြင် ရွှေရောင်၊ အဝါရောင်နှင့် ညို ရွှေရောင်တို့ကိုလည်း ရွေးချယ် ဝတ် ဆင်အသုံးပြုသင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း စေတတ်သော၊ မိမိနှင့်ဓာတ်တည့် သော ကျောက်မျက်ရတနာများဖြစ် သည့် အစိမ်းရောင်ကျောက်စိမ်း၊ လ ကျောက်(မြော)၊ ပုလဲနှင့် ကြောင်မျက် လုံးကျောက်တစ်မျိုးမျိုးကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထား သင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သည့် ၂ ဂဏန်းရက်ဖွားများနှင့် ၇ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိမည်။ အဆင်ပြေသင့်မြတ်မည်။

မိမိဘဝ သက်တမ်းတွင် အရေး ကြီးသော အကျိုးအပြစ်ထူးထူးခြား ခြား ဖြစ်ပျက်တတ်သော အသက်နှစ် များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅၊ ၇ဝ နှင့် ၇၉ နှစ်များဖြစ်ကြ သည်။

သြဂုတ်လ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

သြဂုတ်လ ၇ ဂဏန်းရက် ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၂ ဂဏန်းနှင့် ၇ ဂဏန်းများပင်ဖြစ်သည်။
မည်သည့်လတွင်မဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက်များ သည် မိမိအတွက် အရေးကြီးသည်။

အထူးသဖြင့် ဇွန်လ ၂၁ ရက်မှ သြဂုတ် လ ၃ဝ ရက်အကြား၊ ဒီဇင် ဘာလ ၂၅ ရက်မှ မတ်လ ၃ဝ ရက် အကြား ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက်များသည် ပိုမိုအရေး ကြီးသည်။
အဆိုပါ ၂ နှင့် ၇ ဂဏန်းရက် များတွင် အရေးကြီးသော လုပ်ငန်း ကိစ္စရပ်များကို အကောင်အထည် ဖော်သင့်သည်။ ထီထိုးသင့်သည်။
နံပါတ်ဂဏန်း များအားလုံး ပေါင်းရကိန်း ၂ သို့ မဟုတ် ၇ ဂဏန်းရသော အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်များကို ရွေးချယ်သင့်သည်။
ခ၊ ဆ၊ ဋ၊ တ၊ န၊ မ နှင့် ဝ အက္ခရာများကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသော အရောင် များမှာ အစိမ်းရောင်နုနု၊ ခိုပြာရောင်၊ ရွှေရောင်၊ အဝါရောင်နှင့် လိမ္မော် ရောင်များဖြစ် သဖြင့် အဆိုပါအရောင် အသွေးရှိသည့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင် ပစ္စည်းများ အရောင် များအဖြစ် ရွေး ချယ်ဝတ်ဆင် သုံးစွဲသင့်သည်။

အနက်ရောင်နှင့် အရောင်ရင့်၊ အရောင်မှိုင်းများကို ဝတ်ဆင်သုံးစွဲ ခြင်း အထူးရှောင်ကြဉ်သင့်သည်။
ကံနိမိတ်ကောင်း စေတတ် သော၊ မိမိနှင့် ဓာတ်တည့် သော ကျောက်မျက်ရတနာများဖြစ် သည့် ကျောက်စိမ်း၊ လကျောက်( မြော)၊ ပုလဲ၊ စိန်နှင့် ပယင်းကျောက် တစ် မျိုးမျိုးကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သော ၂ ဂဏန်းရက်ဖွားများနှင့်၇ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိသည်။ သင့်မြတ်မည်။

မိမိဘဝ သက်တမ်းအတွက် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇၄ နှစ်များ ဖြစ်ကြသည်။

စက်တင်ဘာလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

မတ်လ ၇ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်း များမှာ ၂ ဂဏန်းနှင့် ၇ ဂဏန်း တို့ဖြစ်ကြသည်။
မည်သည့်လတွင်မဆို အထူး သဖြင့် ဖေဖော်ဝါရီ၊ ဇွန် နှင့် စက်တင် ဘာလများ၏ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများကို လုပ်ဆောင်သင့်သည်။ ထီထိုးသင့် သည်။
နံပါတ်ဂဏန်းများ အားလုံး ပေါင်းရကိန်း ၂ နှင့် ၇ ဂဏန်း ရရှိသော အိမ်၊ ခြံတို့တွင် နေထိုင်ခြင်း၊ ယာဉ်၊ ကားတို့ကို စီးနင်း သုံးစွဲခြင်း၊ ထီနံပါတ်များကို ရွေးချယ် ကံစမ်းခြင်းပြုလုပ်သင့်သည်။

ထီအက္ခရာစသည့် အက္ခရာ များနှင့်ပတ်သက်၍ ခ၊ ဆ၊ ဋ၊ တ၊ န၊ မ နှင့် ဝ အက္ခ ရာများကို ရွေးချယ်သင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း သော အရောင် များမှာ အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်နုနု နှင့်ခိုပြာ ရောင်များဖြစ်ပြီး အဆိုပါ အရောင် အသွေးရှိသော အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင်ပစ္စည်း အရောင်များ အဖြစ် ရွေးချယ် ဝတ်ဆင်အသုံးပြုသင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း စေတတ်သော၊ မိမိနှင့်ဓာတ်တည့် သော ကျောက်မျက်ရတနာများဖြစ် သည့် လကျောက်(မြော)၊ ပုလဲ၊ အစိမ်းရောင် ကျောက်စိမ်း တစ်မျိုးမျိုး ကို အဆောင်ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို(အထူး သဖြင့်)ဖေဖော်ဝါရီလ၊ ဇွန်လနှင့် စက်တင်ဘာလတို့တွင် မွေးဖွား သည့် ၂ ဂဏန်း ရက်ဖွားနှင့် ၇ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိမည်။ သင့်မြတ်မည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုး၊ အပြစ် ထူးထူး ခြားခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်များဖြစ်ကြ သည်။

အောက်တိုဘာလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

အောက်တိုဘာလ ၇ ဂဏန်း ရက်ဖွားများ အတွက် အရေးပါသော ဂဏန်းများ မှာ ၂ နှင့် ၇ ဂဏန်းများ ပင်ဖြစ်ကြသည်။
အရေးကြီးသောလုပ်ငန်းများ ကို မည်သည့်လတွင်မဆို ၂ ဂဏန်းရက် များဖြစ်သော ၂၊ ၁၁၊၂ဝ နှင့် ၂၅ ရက်များတွင် လုပ်ဆောင်သင့်သည်။
အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်မျာကို ဂဏန်းအားလုံးပေါင်းရ ကိန်း ၂ သို့မဟုတ် ၇ ဂဏန်းရ သော နံပါတ်များကို ရွေးချယ်သင့် သည်။

ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ ခ၊ ဆ၊ ဋ၊ တ၊ န၊ မ နှင့် ဝ အက္ခရာများကို ရွေးချယ် သင့်သည်။
ကံနိမိတ်ကောင်းသော အရောင် များဖြစ်သည့် အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်၊ ခိုပြာရောင် မီးခိုးရောင်နုနှင့် အပြာရောင် (အနု၊ အရင့်) အရောင်အသွေးရှိသည့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းများကို ရွေးချယ် ဝတ် ဆင်အသုံးပြုသင့်သည်။

မိမိအတွက် ကံနိမိတ်ကောင်း သော၊ မိမိနှင့်ဓာတ်တည့်သော လကျောက် (မြော)၊ အစိမ်းရောင် ကျောက်စိမ်း၊ ပုလဲနှင့် စိမ်းပြာရောင် ကျောက်တစ်မျိုးမျိုးကို ထာဝရ အဆောင်ရတနာအဖြစ် အမြဲ ဝတ် ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွား သည့် ၂ ဂဏန်းရက်ဖွားများနှင့် ၇ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိမည်။ သင့်မြတ်မည်။
မိမိ၏ ဘဝသက်တမ်းတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော သက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်များဖြစ်ကြ သည်။

နိုဝင်ဘာလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

နိုဝင်ဘာလ ၇ ဂဏန်းရက် ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၂၊ ၇ နှင့် ၉၇ ဂဏန်းများဖြစ်ကြ သည်။
မည်သည့်လတွင်မဆို ၂၊ ၇၊ ၉၊ ၁၁၊ ၁၆၊ ၁၈၊ ၂ဝ၊ ၂၅ နှင့် ၂၇ ရက်နေ့များတွင် အရေးကြီးသော လုပ် ငန်းကိစ္စများကို ပြုလုပ်သင့်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့မဟုတ် ၇ သို့မဟုတ် ၉ ဂဏန်း ရရှိသော နံပါတ်မျာကို ရွေးချယ်သင့် သည်။ ကံကောင်းမည်။
ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ ခ၊ ဆ၊ ဈ၊ ဋ၊ တ၊ ဒ၊ န၊ မ နှင့် ရ အက္ခရာ များကို ရွေးချယ်သင့်သည်။

ကံနိမိတ်ကောင်းသောအရောင် များဖြစ်သည့် အဖြူရောင်၊ နို့နှစ် ရောင်၊ အစိမ်းရောင်၊ ခိုပြာရောင်၊ မီခိုး ရောင်နု၊ ကြက်သွေးရောင်၊ အနီရောင်၊ ပန်းရောင် အရောင်အသွေးရှိသည့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းများကို ဝတ်ဆင် အသုံးပြုသင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း သော၊ မိမိနှင့်ဓာတ်တည့်သော အစိမ်း သို့မဟုတ် မီးခိုးရောင် ကျောက်စိမ်း၊ လကျောက်(မြော)၊ ပုလဲ၊ ပတ္တမြား၊ ကျောက်နီ တစ်မျိုးမျိုးကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထား သင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သည့် ၁ ဂဏန်း၊ ၈ ဂဏန်း၊ ၄ ဂဏန်း နှင့် ၇ ဂဏန်း ရက်ဖွားများ အပေါ် ဆွဲဆောင်မှုရှိမည်။ သင့်မြတ် မည်။

မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆ နှင့် ၇ဝ နှစ်များဖြစ်ကြ သည်။

ဒီဇင်ဘာလ ၇၊ ၁၆ နှင့် ၂၅ ရက် များတွင် မွေးဖွားသူများ

ဒီဇင်ဘာလ ၇ ဂဏန်းရက် ဖွားများ အတွက် အရေးကြီးသော ဂဏန်းများမှာ ၂ နှင့် ၇ ဂဏန်း များဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅ နှင့် ၂၉ ရက် နေ့များတွင် အရေးကြီးသော လုပ် ငန်းကိစ္စများကို လုပ်ဆောင်သင့် သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂ သို့မဟုတ် ၇ ဂဏန်း ရရှိသော နံပါတ်မျာကို ရွေးချယ်သင့်သည်။

ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ ခ၊ ဆ၊ ဋ၊ တ၊ န၊ မ နှင့် ဝ အက္ခရာ များကို ရွေးချယ် သင့်သည်။

ကံနိမိတ်ကောင်းသောအရောင် မျာဖြစ်သည့် အဖြူရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင်၊ ခိုပြာရောင်နှင့် မီးခိုး နုရောင် အရောင်အသွေးရှိသော အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင် ပစ္စည်းများကို ရွေး ချယ်ဝတ်ဆင် အသုံးပြုသင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း သော၊ မိမိနှင့်ဓာတ်တည့်သော လကျောက်(မြော)၊ ပုလဲ၊ အစိမ်းရောင် ကျောက်စိမ်း၊ ခရမ်းရောင် သလင်း ကျောက်တစ်မျိုးမျိုးကို အဆောင် ရတနာအဖြစ် အမြဲဝတ် ဆင်ထား သင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သည့် ၂ ဂဏန်းနှင့် ၇ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှု ရှိမည်။
မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၂၊ ၇၊ ၁၁၊ ၁၆၊ ၂ဝ၊ ၂၅၊ ၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅ နှင့် ၇ဝ နှစ်များဖြစ်ကြသည်။


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List