Saturday, August 18, 2012

ကားနံပါတ် နဲ့ ပြောရေးဆိုခွင့်ရှိသူ

ကားနံပါတ်
ကားသစ်တွေမှာ နံပါတ်ပြား တပ်ရင် အင်္ဂလိပ်လို တပ်လို့ရတယ် လို့ မြန်မာ့အလင်း သတင်းစာမှာ ကြာသပတေးနေ့က ရေးပါတယ်။

နောက်တနေ့မှာ အဲဒီသတင်းမှားတယ်လို့ အဲဒီသတင်းစာမှာပဲ သတင်းတပုဒ် ရေးထားပါတယ်။

သတင်းမှားတဲ့အကြောင်း ချက်ချင်း ဖြေရှင်းချက် ထည့်တာက ချီးကျူးဖို့ ကောင်းပါတယ်။
မော်တော်ယာဉ်အကြောင်း စိတ်ဝင်စားသူ အင်မတန်များတာကြောင့် ဒီဖြေရှင်းချက်ကို မြန်မြန် မပျက်မကွက်ထည့်ဖို့ လိုအပ်ပါတယ်။


ကားသစ်တွေရဲ့ နံပါတ်ကို အင်္ဂလိပ်လို ရေးနိုင်မယ် ဆိုတဲ့ သတင်း


အင်္ဂလိပ်လို ရေးခွင့်ရှိမယ် ဆိုတာ မှားနေတယ် ဆိုတဲ့သတင်း


စိတ်ဝင်စားဖို့ ကောင်းတာကတော့ သတင်းမှာ ပါတဲ့ ရင်းမြစ် ဖြစ်ပါတယ်။

သတင်း ၂ ပုဒ်လုံးက ကညနကို ကိုးကားပြီး ရေးထားတာပါ။

ပြောရေးဆိုခွင့်ရှိသူရဲ့ တာဝန်၊ အမည် စတာတွေကိုတော့ ဖော်ပြမထားကြပါဘူး။

ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က သူ့နာမည် ထည့်မရေးနဲ့လို့ သတင်းထောက်ကို ပြောထားတာများလား?

ဒါဆိုရင် မြန်မာ့အလင်းသတင်းထောက် ဒီနေ့ ကံမကောင်းပါလား ပေါ့လေ။

ကံမကောင်းဘူးလို့လည်း သေချာပေါက် မဆိုနိုင်ပါဘူး။ သတင်းသမား အတော်များများဟာ ဌာနဆိုင်ရာက

ပြောရေးဆိုခွင့်ရှိသူတို့ကို ဆက်သွယ်ရာမှာ အင်မတန် အခက်အခဲနဲ့ ကြုံရပါတယ်။

သူတို့ရုံးကို ဆက်သွယ်လိုက်ရင် - "မရှိဘူး၊ မလာသေးဘူး၊ မအားသေးဘူး၊ အစည်းအဝေးသွားတယ်၊ ခရီးထွက်နေတယ်" စတဲ့ အဖြေတွေပဲ ရပါတယ်။

မြန်မာ့အလင်းသတင်းထောက် ၂ ယောက်က ကညန အရာရှိများနဲ့ စကားပြောခွင့်ရတယ်ဆိုတော့ ကံကောင်းတဲ့ သတင်းသမားထဲ ပါသွားပါပြီ။

ပြောရေးဆိုခွင့်ရှိသူ
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဌာနဆိုင်ရာတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူများစာရင်းကို အွန်လိုင်းမှာ ဖော်ပြထားတဲ့အထိ တိုးတက်လာပါတယ်။

ဝန်ကြီးဌာနအလိုက်ပြောခွင့်ရသူများစာရင်း

http://www.ministryofinformation.gov.mm/index.php/component/content/article/25-general-information/321-ministry-spokeman.html

စာရင်းချည်းပဲ ဆိုရာ အပြကောင်းရုံပဲ ရှိမယ်။ လိုအပ်တာတွေ ရှိနေပါသေးတယ်။
၁။ ပြောရေးဆိုခွင့်ရှိသူများအားလုံးရဲ့ ဖုန်းနံပါတ်ကို ဖော်ပြဖို့ပါ။ ဖုန်းနံပါတ်နေရာတွေမှာ ကွက်လပ် အများအပြား ရှိနေလို့ပါ။
၂။ ဆက်သွယ်တဲ့အခါ ဖြေဆိုပေးဖို့ လိုအပ်ပါတယ်။

ဒါတွေ မလုပ်ဘူး ဆိုရင်တော့ ပြောရေးဆိုခွင့်ရှိသူများစာရင်းက အလှပြသက်သက်ပဲ ဖြစ်နေမှာပဲလို့ ဆိုပါရစေ။

No comments:

Post a Comment

My Blog List