Friday, August 17, 2012

ဟင်္သာတက ဦးထွန်းရွှေအကြောင်း ပေးစာ

ဟင်္သာတမြို့ တနေရာ (ဓာတ်ပုံ - ဂူဂဲလ်ဂြိုလ်တု)

ဧရာဝတီတိုင်း ဟင်္သာတမြို့ နယ်မှာ ပြီး ခဲ့  တဲ့  ၁၅ ရက် ၆ လပိုင်းက ဖြစ် ခဲ့  တဲ့  အမှုအကြောင်း ပြောချင်ပါတယ်။

တလုတ္ထော် ကျေးရွာ မြစ်ကိုင်းရပ်ကွက် နေ ဦးထွန်းရွေ ဆိုသူက အဲံ့ ဒီ နေ့မှာ မူးပြီး အိမ်မှာ ရမ်းကားနေခဲ့ ပါ တယ်။

ဒါ ကို အိမ် က လူ တွေ က ရဲ ကို အကြောင်း ကြားပြီး ဖမ်းခိုင်းတယ်။ ရဲက မူးရစ် ရမ်းကားဆို ဖမ်းတော့  သူက မလိုက်ဘူးဗျ။ ၇ဲ ကအတင်း ရိုက်နှက် လူမဆန် စွာ ကြိုးတုပ် လက်ထိပ်ခတ်။ ဒါတင်မက တိ ရိစ္ဆာန် ထမ်းသလို ဒုတ် နဲ့  ရှိုထမ်းပြီး ရဲစခန်းေ၇ာက်စေခဲ့  ကြပါတယ်။

ဥပဒေမှာ မူးယစ်ရမ်းကားသူကို ရဲက ၂၄ နာရီထက် ပိုဖမ်းလို့မရပါ။ တကယ်လို့  အရမ်း ခံရသူတွေက အမှုဖွင့် ခဲ့ ရင်လဲ ၇ဲက အမှုဖွင့်ပြီး ဟင်္သာတ ပို့ရမှာပါ။ တရားရုးံ က တစ်လ အမိန့် ချခဲ့ရင် တရားခံက ကျခံရမှာပါ။ ဒါက ပုံစံအမှန်ပါ။

သို့ သော် တလုတ္ထော် ရဲစခန်းမှာ စခန်းမှူးနဲ့ စခန်းရှိ မိန်းမများ မကျန် ဦးထွန်းရွှေကို ဟိုခိုင်း ဒီခိုင်း ခိုင်း ပြီး ၀ိုင်း နှိပ်စက်လိုက်ကြတာ တစ်လ တင်းတင်း ပြည့် တဲ့ နေ့ (၇ လ ပိုင်း ၁၅ ရက်နေ့  မှာ ရဲစခန်းမှာ သေဆုးံခဲ့ပါတယ်။ သေတာက မနက် လေး နာရီမှာပါ။ဆေးရုံ မပို့  မစစ်ဆေးဘဲ သေဆုးံ သူရဲ့ ကာယကံရှင် တွေကို ခေါ်ညှိ ပြီး မိုးချုပ်မှ အိမ်ကို သယ်စေပါတယ်။ စခန်း ရဲ့ နောက် ဖေး ဘက် က ထုတ်ခိုင်း၊ မြစ်ကိုင်းရွာကလူတွေ ထမ်းထုတ်ကြရပါတယ်။ ရဲက ကာယကံရှင် မိသား စု ၀င် တွေ ကို ငွေပေး နှုတ်ပိတ်ပြီး အသုဘမှာလဲ ဖဲဝိုင်းလုပ်။

ရဲကိုလဲ ကြောက်တော့ မိသား စုဝင်တွေလဲ ဘာမှမပြော ၀ံ့  ကြဘူး ဗျ။ အမှန် က တော ရဲ နှိပ် စက် လို့  သေတာပါ။

၁၇ ရက်နေ့မှာ အသုဘ ချပါတယ်။ နောက်နေ့  မြိုက မြို့ နယ် ရဲ မှူး ဦးတင်ဝင်းက လာစစ်ပါတယ်။ ကာယကံရှင်တွေကို ရဲက ကြိုတင် ငွေပေးပြီး ညှိပြီး အိမ်မှာသေတယ်၊ သွေးတိုးရောဂါကြောင့်  သေတယ် ထွက်ခိုင်းတာပါ။

စခန်းမှာ အနှိပ်စက်ခံရလို့ သေတာမှန်း တရွာလုံး သိကြပါတယ်။ ဒီကိစ္စမှာ တာ ၀န် အရှိ ဆုးံက စခန်း မှူးဦးမျိုးဝင်းပါ။ ဒုတိယက စာရေးကြီး ဦးတင်အေးပါ ။

သမ္မတကြီး နှင့်  တကွ တာဝန် ရှိသူ အားလုးံ သိရှိ အရေးယူပေးစေချင်ပါတယ်။ ကျေး ဇူး ပြု ပြီး လုပ်ဆောင်ပေးကြပါ။

တခု ကျန်ခဲ့ ပါတယ်။ သေသူ ဦးထွန်းရွှေကို (ကွက်တိထွန်းရွှေ လို့ ) ခေါ် ကြပါတယ်။ ဘာလို့လဲ ဆိုတော့ သူက စကားပြောရင် ကွက်တိပဲ လို့  ခဏခဏ ထည့်ပြောတတ်လို့ပါ။

ဦးထွန်ရွှေ ကောင်းရာဘ၀ရောက်ပြီး နောင်ဘ၀မှာ လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးပါစေဗျာ။

No comments:

Post a Comment

My Blog List