Friday, August 17, 2012

လွှတ်တော်ကို ယ်စားလှယ် အရည်အချင်းနှ င့်ပတ် သတ်၍ ကန့်ကွ က်မှုတွင် NLD အနိုင်ရ


NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့်ပတ်သတ်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်စာပေးပို့ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲက်ေမရှင်က ယနေ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး NLD ပါတီလွှတ်တော်ကိုယ်စားလှယ်အား အနိုင်ပေးလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းအား လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့်ပတ်သတ်၍ ရွေးကောက်ပွဲကန့်ကွက်လွှာအမှတ် ၄/ ၂၀၁၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List