Friday, August 17, 2012

နိုင်ငံပိုင်သတင်းစာများ သတင်းတင်ဆက်မှု ပုံစံပြောင်း လဲတော့မည်

 
နိုင်ငံပိုင်သတင်းစာများအား ပြည်သူ့ရေးရာဝန်ဆောင်မှုမီဒီယာဖြစ်စေရေး အတွက်လူပုဂ္ဂိုလ်ဗဟိုပြုသတင်းမှ အကြောင်းအရာဗဟိုပြု သည့်စနစ်သစ်
သို့ပြောင်းလဲကျင့် သုံးတော့မည် ဖြစ်သည်။
သြဂုတ်လ(၁၅)ရက်နေ့တွင်မြန်မာ့အလင်းပုံနှိပ်တိုက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့်နိုင်ငံပိုင်သတင်းစာများ အသွင်သဏ္ဍန် နှင့်အနှစ်သာရ
ကောင်းမွန်ရေးနှင့်ပြည်သူ့ရေး ရာ ဝန်ဆောင်မှု မီဒီယာဖြစ်စေရေး မူဝါဒသဘောထားနှင့်လုပ်ငန်းစဉ်များအားချပြ ဆွေးနွေးပွဲတွင်ယခုကဲ့သို့ပြောင်းလဲ
ခဲ့ခြင်းဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေလျက်ရှိသည့်နိုင်ငံပိုင် သတင်းစာများကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရကောင်းမွန်
ရေးနှင့်ပြည်သူ့ရေးရာဝန် ဆောင်မှုမီဒီယာ (Publish Servive Media)ဖြစ်စေရေးအတွက် လူပုဂ္ဂိုလ်ဗဟိုပြုသတင်းမှ ကြောင်းအရာဗဟိုပြုသည့် စနစ်သစ်ဖြင့်ပြောင်းလဲထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။

”နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာ၊ကြေးမုံသတင်းစာနှင့် New Light of Myanmar စတာတွေကို ပြည်သူနှင့်
နိုင်ငံတော်ကို အပြန်အလှန်အကျိုးပြုတဲ့ သတင်းတွေပြည်သူလူထုဘဝကို ထင်ဟပ်စေတဲ့ သတင်းတွေ ဖော်ပြနိုင်ဖို့ပါ ‘ဟုအဆိုပါဆွေးနွေးပွဲတွင် ကြေးမုံသတင်းစာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်ကပြောသည်။
နိုင်ငံပိုင်သတင်းစာများတွင်ဋ္ဌာနဆိုင်ရာသတင်းများကိုလည်းပြည်သူ့အကျိုးပြု သတင်းများဖြစ်စေရန်နှင့် ယခင်အတိုင်းကြန့်ကြာမှု မရှိစေပဲ လျှင်လျှင်မြန်မြန်ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
လူပုဂ္ဂိုလ်ဗဟိုပြုကနေ အကြောင်းအရာဗဟိုပြုစသည့် အနှစ်သာရကို ထင်ထင်ရှားရှား ပြောင်းလဲသည့်အခါတွင် နိုင်ငံတော်အကြီးအကဲများနှင့်
ပြည်ထောင်စုဝန်ကြီးများကလည်း လက်ခံကြသည်ဟု စာတည်းမှူးချုပ်ထံကသိရှိရသည်။ထိုသို့ပြောင်းလဲထုတ်ဝေသည့်အခါတွင် ပြည်သူလူထုအတွက် အကျိုးပြုသည့်သတင်းများနှင့်၊ ပြည်သူလူထု စိတ်ဝင်စားသည့်သတင်းများကိုဦးစားပေးထည့်သွင်းဖော်ပြ ပေးမည်ဖြစ်ကြောင်း သိရသည်။
ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများအနေဖြင့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ မှစ၍ အယ်ဒီတာ့အာဘော်မှစတင် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း
ပြောင်းလဲမှုအပေါ်တွင် နိုင်ငံတော်အကြီးအကဲနှင့် ပြည်သူများကလက်ခံသည့်အတွက် အဆိုပါလမ်းစဉ် အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
ကိုလည်း သိရသည်။
သတင်းကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးအတွက် ဆောင်ရွက်ရာတွင် သတင်းစာတိုက်များမှမြို့နယ်သတင်းထောက်များအား အစိုးရဝန်ထမ်းများက အကူအညီ
ပေးစေလိုကြောင်းကိုလည်း သတင်းထောက်တစ်ဦးဖြစ်သည့် ကျော်မြင့်သန်း(လမ်းမတော်)က အကြံပြုပြော ကြားခဲ့သည်။
”အထူးသတင်းတွေနဲ့ပတ်သက်လို့ စည်ပင်နဲ့ ရဲဝန်ထမ်းတွေအနေနဲ့ အဆင်ပြေအောင်အကူအညီပေးစေလိုတယ်၊ ထူးခြားတဲ့ သတင်းတွေကို
လည်း ဘယ်ပုံစံနဲ့ပို့ရမယ်ဆိုတာအမြန်ဆုံးသတ်မှတ်ပေးစေလိုတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။
နိုင်ငံပိုင်သတင်းစာများတွင် သတင်းဓာတ်ပုံဆု၊သတင်းအပုဒ်ရေအများဆုံး
ဆုနှင့် အကောင်းဆုံးသတင်းဆုများကိုလည်းပေးစေလို ကြောင်း သတင်းထောက်များက အကြံပြုသည်။

မြန်မာပြည်သား

No comments:

Post a Comment

My Blog List