ဆော်ဒီအာရေဗျနိုင်ငံ
မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက
မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့
ဆုံးဖြတ်လိုက်ပါတယ်။
Photo:Wikipedia
Organization of Islamic Cooperation (OIC) အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို
အဖွဲ့ဝင်
၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ် ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က “
မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ
နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်
တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေတာတွေကို ရှုံ့ချကြောင်း” ပြောဆိုလိုက်ပါတယ်။
ဒါကြောင့်
အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေ
ညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။
No comments:
Post a Comment