Thursday, August 16, 2012

မြန်မာ-တရုတ်ရဲတပ်ဖွဲ့များ မူးယစ်ဂိုဏ်းတခုကို ဖြိုခွင်း

မြန်မာနဲ့ တရုတ်ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးဂိုဏ်းတခုကို ဖြိုခွင်းလိုက်တယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ်ပြည်သူ့ နေ့စဉ်သတင်းမှာ ဒီနေ့ ဖော်ပြ ပါတယ်။
ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ နဲ့ မြန်မာရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် အတွင်း လောက်ကိုင်ဒေသမှာရှိတဲ့ မူးယစ်ဆေးဝါးစက်ရုံကို  ၀င်စီးနင်းခဲ့တာဖြစ်ပြီး ဂိုဏ်းသား ၁၁ ဦးနဲ့ စိတ်ကြွမူးယစ်ဆေးဝါး ကီလိုဂရမ် ၄၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ် လို့ သတင်းမှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံ မူးယစ်ဆေးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့ဟာ လောက်ကိုင်ဒေသမှာရှိတဲ့ မူးယစ်စိုက်ခင်းတွေကိုလည်း ဖျက်ဆီးခဲ့ပြီး စိတ်ကြွဆေး ၃၄၇ ကီလိုဂရမ်နဲ့ အိုက်စ် (ICE) မူးယစ်ဆေးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးဝါးတွေကိုလည်း ဖမ်းဆီးရမိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။


No comments:

Post a Comment

My Blog List