Thursday, August 16, 2012

Samsung Galaxy S3 ကို Root လုပ်ကြည့်ရအောင်


ကြိုတင်လိုအပ်ချက်။ ။
* Root မလုပ်ခင် မိမိ Computer ပေါ်တွင်အောက်ပါ Link မှ Driver ကို Install လုပ်ပါ။
http://downloadandroidrom.com/file/Samsung/Kies_2.3.2.12054_19_1.exe
* GalaxyS3Root.zip File ကို Download လုပ်ပါ။
http://downloadandroidrom.com/file/GalaxyS3/rooting/GalaxyS3Root.zip
* GalaxyS3Root.zip File ကို Computerရဲ့တစ်နေရာရာမှာဖြန့်ထားပါ။ File ၃ ဖိုင်ရလာပါလိမ့်မယ်။
ကဲ စပြီး Root လုပ်ကြရအောင်။ ။
Step 1 : Volume Down, Home Center, Power Buttons များကိုတပြိုင်နက် စက္ကန့် ၂၀ လောက်နှိပ်ထားပါ။ ထိုအခါသင့်ကို Download Mode ထဲသို့ ဝင်မလား မဝင်ဘူးလား မေးပါလိမ့်မယ်။
Step 2 : Volume Up Key နှိပ်ပြီး Download Mode ထဲသို့ဝင်ပါ။
Step 3 : Download Mode ထဲရောက်တာနဲ့ S3 ကို Computer နဲ့ချိတ်လိုက်ပါ။
Step 4 : အပေါ်ဆုံးမှာ Download လုပ်ထားတဲ့ Driver ကို Install လုပ်ပြီးတာမှန်ပါက Device Manager ထဲက Universal Serial Bus controllers dropdown menu တွင် SAMSUNG Mobile USB CDC Composite Device ဆိုတာဝင်နေပါလိမ့်မယ်။

Step 5 : ခုဏက GalaxyS3Root.zip ကိုဖြန့်ထားတဲ့ ဖိုင်၃ဖိုင်ထဲမှ odin3 v1.85.exe ကို Run လိုက်ပါ။ ပေါ်လာတဲ့ Application ထဲမှာ အဝါရောင် Highlight box တစ်ခုမြင်ရပါမယ်။ Box ထဲမှာ COM ဆိုပြီး နံပါတ်တစ်ခုခုဝင်နေလိမ့်မယ်။ အဝါရောင် Box လေးမမြင်ပါက Driver ကို မှန်မှန်ကန်ကန် Install မလုပ်ရသေးလို့ဖြစ်မည်။
Step 6 : ဟုတ်ပြီ ဒီ Application ရဲ့အလယ်နားလေးမှာ PDA ဆိုတဲ့ Button တစ်ခုတွေ့မည်။ နှိပ်လိုက်ပါ။ File ကိုရွေးခိုင်းပါက ခုဏက GalaxyS3Root.zip ကိုဖြန့်ထားတဲ့ ဖိုင်၃ဖိုင် ထဲမှ “CF-Root-SGS3-v6.1.tar” ဖိုင်ကိုရွေးပေးပါ။
Step 7 : Start Button ကို နှိပ်လိုက်ပါ။
Step 8 : ၁၀ စက္ကန့်လောက်နေရင် Phone reboot ဖြစ်သွားပါလိမ့်မည်။
Step 9 : အားလုံးမှန်မှန်ကန်ကန်ရှိပါက “PASS!” ဆိုတဲ့စာသားလေးကို ခုဏက Application ထဲတွင်မြင်ရပါလိမ့်မည်။
Step 10 : Phone သည် ClockworkMod Recovery တွင်းသို့ Auto Reboot ဖြစ်သွားပြီး လိုအပ်တဲ့ Root/SuperUser Files တွေကို Install လုပ်သွားပါမည်။
Step 11 : နောက်တစ်ကြိမ် Reboot တက်လာပါက Application List ထဲတွင် SuperSU ဆိုတဲ့ Application လေးဝင်သွားတာကိုတွေ့ရပါမည်။
Step 12 : စစ်ကြည့်တဲ့အနေနဲ့ Root access လိုအပ်တဲ့ App တစ်ခု ( ဥပမာ Titanium Backup လို App ) ကို Install လုပ်ကြည့်ပါ။ ထိုအခါ Root Access ပေးမည်ဆိုပါက “Grant” ကိုနှိပ်ပြီး Run နိုင်ပါပြီ။
ကဲ လွယ်တယ်မလား ပရိတ်သတ်ကြီး။ အားလုံးအဆင်ပြေစွာ Root လုပ်နိုင်ကြပါစေ။

No comments:

Post a Comment

My Blog List