Friday, August 17, 2012

မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်း တိုးတက်ရခြင်းမှာ ရေနံဆီ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ခြင်းနှင့်လည်း ပတ်သက်နေ


မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် ရှေးကုန်းဘောင်ခေတ်တွင် နိုင်ငံ အကျယ်အ၀န်း၏ ၇၀ ရာခိုင်နှုန်း၊ ၁၉၆၂ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းနှင့် ၂၀၀၈ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောကြီးများ နှစ်စဉ် ပြုန်းတီးမှုနှုန်းမှာ ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း ၀ ဒသမ ၆၄ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ 
သစ်တောပြုန်း တီးမှု ပိုမိုများပြားလာသည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရေနံဆီ ထုတ်လုပ်၊ ဖြန့်ဖြူးမှုကို ရပ်ဆိုင်းခဲ့သော ကာလနှင့် တိုက်ဆိုင်မှုရှိနေပြီး ရေနံဆီကို မီးဖိုချောင်သုံး လောင်စာ အဖြစ် အဓိက သုံးစွဲရာက ထုတ်လုပ်ဖြန့်ဖြူးမှု ရပ်ဆိုင်းခဲ့သောကြောင့် ထင်း၊ မီးသွေးကို ပိုမို တိုးတက် သုံးစွဲလာ ရခြင်းဖြစ်ကြောင်း၊ ပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိသေးသည့်အ တွက် ရေနံဆီ ကို ပြန် လည်ထုတ်လုပ်၊ ဖြန့်ဖြူးပါကချက်ပြုတ်ရေးသာမကအလင်းရောင် ရရှိရေးအတွက်ပါ အထောက်အကူ ပြုမ ည်ဖြစ်ကြောင်း ချောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူးဦး သိန်းလွင်က ပြောကြားသည်။
 ယနေ့(သြဂုတ်လ ၁၇ ) နေပြည်တော် အမရာဟိုတယ်တွင် ယခု ကျင်းပလျက်ရှိသော စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်းပြောကြား သည်။
 
ref:thevoiceweekly

No comments:

Post a Comment

My Blog List