Friday, August 17, 2012

ကိုမိုးသီးဇွန် နှင့် ကျောင်းသားခေါင်းဆောင်များ ဗီဇာရရှိ


အမေရိကန် နိုင်ငံသို့ ရောက်ရှိနေကြသော ရှစ်လေးလုံး အရေးအခင်း ကာလက ဦးဆောင်သူများဖြစ်ကြသည့် ကျောင်းသား ခေါင်း ဆောင် ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် အပါအ၀င် ၇ ဦးကို အစိုးရက ဗီဇာ ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရသည်။ သို့သော် မည်သည့်နေ့ရက်တွင် မြန်မာပြည်သို့ သွားရောက်မည်ကိုမူ မသိရှိရသေးပေ။ မြန်မာအစိုးရဘက်က ပြည်ပမှနေ၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေမည့်အစား မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို အနီးကပ် လာရောက်လည်ပတ် ကြည့်ရှုနိုင်ရန်အတွက် ယခု ကဲ့သို့ ပြည်ဝင်ခွင့်ပေးခြင်းဖြစ်ကြောင်း၊ ၄င်းတို့အပြင် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော ရှစ်လေးလုံးကာလ ပါဝင်ခဲ့ကြ သူများကိုလည်း အဖွဲ့အလိုက် ပြည်ဝင်ခွင့်ဗီဇာများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုမိုးသီးဇွန်သည် ယခင် စစ် အစိုးရ က မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List