Friday, August 17, 2012

ဟောင်းနွမ်း ကန်ဒေါ်လာ စီးပွားေ ရးပိတ် ဆို့မှု ကင်းစင်မှ ဗဟိုဘဏ် လက်ခံလဲ လှယ်ပေးမည်

နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှသာ ဟောင်းနွမ်း ကန်ဒေါ်လာ များ အား လက်ခံလဲ လှယ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောသည်။
လက်ရှိ အခြေအနေ၌ မြန်မာ နိုင်ငံအား နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့ ထားမှုကြောင့် ပြည်တွင်း ဘဏ်များရှိ ဒေါ်လာများမှာ ပြည်ပ နိုင်ငံများ၌ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် မရဘဲ ပြည်တွင်း၌ သာ လှည့်ပတ် သုံးစွဲနေရကြောင်း ၄င်းက ပြောသည်။

”ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီ ဝင်လာတဲ့ ဒေါ်လာတွေ ကို နိုင်ငံခြား ကိုသွားပြီး ရောင်းလို့ မရဘူး။ ရောင်းလို့ မရတာကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူး အပြောင်းလုပ်ဖို့ ခက်ခဲသလိုအပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့်ကျွန်တော်တို့ ဘဏ် တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေး ရတယ်။ အဲဒီလို ထုတ်ပေးရာမှာ လည်း သူတို့က ဟောင်းတာ တို့၊ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့ အတွက် ကျွန်တော်တို့က အကော
င်း တွေပဲ ထုတ်ပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့ဘဏ်တွေ ကလည်း ဒေါ်လာ အကောင်းတွေကိုပဲ လက်ခံ ရတာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်း ကထပ်လောင်းပြောသည်။
ထိုသို့သော အခြေအနေများ ကြောင့် လက်ရှိနိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ၌ ဒေါ်လာ လာရောက် လဲလှယ်ရာတွင်လည်း လဲလှယ်သူများမှာ အခက်အခဲ အနည်းငယ် ဖြစ်နေရသည် ဟု နိုင်ငံခြားငွေ ကြေး တရားဝင်ရရှိနေသူများက ပြောသည်။
”ကျွန်တော်တို့ သွားလဲတာ ၂ဝဝ၆ စီးရီး ရာတန်တွေပါဗျာ။ အဲဒါ ကို နိုင်ငံတကာမှာလည်း သုံးခဲ့ပြီးပြီ။ အကုန်လုံးက လက်ခံတယ်။ ဒီရောက်တော့ သိမ်ဖြူမှာသွားလဲ တာ တစ်ဝက်ပဲ လဲလို့ရတယ်။ ကျန် တစ်ဝက်ကလဲလို့ မရဘူး။ ဒါဆိုရင် ကျွန်တော်တို့က အဲဒီ့ပိုက်ဆံ တွေကို ဘယ်လို လုပ်ရမှာလဲ။ သုံးလို့ မရတော့ဘူးလား” ဟု နိုင်ငံခြားသင်္ဘောသား ကိုမောင်ဝင်းသာ က ပြောသည်။
”ဒီအခက်အခဲက ဘယ်တော့ ပြေလည်မလဲ ဆိုရင် ပိတ်ဆို့မှုတွေ ကို ရုပ်သိမ်း လိုက်လို့ ဒီက ဒေါ်လာ တွေကို ကြိုက်တဲ့နိုင်ငံတွေကို သွား ပြီး ရောင်းလို့ရပြီ ဆိုရင် ဒီမှာလည်း ဒေါ်လာကို ကြိုက်သလောက် ဟောင်း၊ စစ်ရင်ပြီးရောဆိုပြီး လက်ခံသွားမှာ ပါ” ဦးမောင်မောင် ဝင်းက ထပ်လောင်း ပြောကြား သည်။

No comments:

Post a Comment

My Blog List