မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စ အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်း သတင်းစာရှင်းလင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
ဒဲရစ်မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသော
စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်းစု( AmCham
Singapore
Business ) ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့်ပတ်သက်၍ သတင်းစာရှင်း
လင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်ည ၇ နာရီ က ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။
၎င်းကိုယ်စားလှယ်အဖွဲ့သည်
မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စရပ်များအတွေက်
မြန်မာနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊
မြန်မာနိုင်ငံ စက်မှုကုန်သည်လုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများ နှင့်
သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်ထိ ရန်ကုန်နှင့်နေပြည်တော်
တို့တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။၎င်းလုပ်ငန်းစုအနေဖြင့်
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊
အိုင်တီနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ စသဖြင့်
မြန်မာနိုင်ငံပိုမိုဖွင့်ဖြိုးတိုးတက်မှုဖြစ်စေမည့်လုပ်ငန်းများတွင်
ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရန်ရှိကြောင်း၊ မြန်မာပြည်သူများ၏
စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေရန်နှင့်ပိုမိုသက်သောင့်သက်သာဖြစ်စေရန်ပွင့်လင်းမြင်သာသောရင်းနှီးမြုပ်နှံမှုများကို
ပြုလုပ်သွား
မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု အကြီးအကဲဖြစ်သူ မစ္စတာ ဆိုင်မွန်ခန့်ဟ်( Mr. Simon Kahn)
ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
No comments:
Post a Comment