Wednesday, August 15, 2012
မောင်တောမြို့နယ်တွင် ကျောင်းများ စတင် ဖွင့်သော်လည်း ကျောင်းသားများ ကျောင်းမလာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသည့် ကတည်းက ပိတ်ထားခဲ့ ရသည့်စာသင်ကျောင်းများကို သြ ဂတ်စ်လ၁၃ရက် နေ့မှ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းလာတက် သည့် ကျောင်းသား ကျောင်း သူများ အလွန် နည်းပါးကြောင်း သတင်း ရရှိသည်။
“စာသင်ကျောင်းတွေကတော့ ကျေညာထားတဲ့ အတိုင်းစဖွင့်ပါတယ်။ကျောင်း သားတွေ ကျောင်းမ တက်ကြဘူး။ ဆရာမတွေလည်း ကျောင်းသားတွေ မ လာတော့ နေ့လည် ၁၂ နာရီကျော်ရင် ပြန်သွားကြပါတယ်။ ကျောင်းသား တွေ ဘာကြောင့် ကျောင်းမလာဘူးဆို တော့ လုံခြုံရေး စိတ်မချ ရသေးတဲ့ အတွက်ပါ” ဟု မောင်တောမြို့ခံ တဦးကပြောသည်။
မြို့မိမြို့ဘများနှင့် အာဏာပိုင်များတွေ့ဆုံစဉ် မောင်တောမြို့နယ်ရှိ ကျောင်း များကို သြဂတ်စ်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ရန် သတ် မှတ် ခဲ့ကြသည်ဟု ဆိုသည်။
သို့သော်လည်း ကျောင်းသားအများစုမှာ ကျောင်းမလာခဲ့ကြဟု မောင်တောမြို့မှ ပညာရေး ၀န်ထမ်း တစ်ဦးက ပြောသည်။
“ အထက်တန်းကျောင်းမှာ ကျောင်းဆရာမ ၆ ယောက်နဲ့ ကျောင်းသား ၄၀ ရောက်နီးပါး ရောက် တယ်။ မောင်တော အကွက် (၁) မူလတန်း ကျောင်းမှာ ၄ တန်းက ကျောင်းသား နည်းနည်း ရောက်တယ်။ ၂ တန်းက ကျောင်းသား ၆ ယောက်ရောက်တယ်။ အတန်းငယ်က လေးတွေ ကတယောက်မှ မရောက်ဘူး။ နေ့လည် ၁ နာရီကျော်တာနဲ့ ကျောင်းလွှတ်လိုက် တယ်။ အလယ်တန်း ကျောင်းကတော့ မဖွင့် ဖြစ်ဘူး။”
မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် နံနက်ပိုင်းတွင် ရခိုင် ကျောင်းသား ကျောင်းသူ များကို သင်ကြားပြီး ညနေပိုင်းတွင် ဘင်္ဂ လီ ကျောင်းသားများကို သင်ကြားရန် စီစဉ် ခဲ့သော်လည်း ဘင်္ဂလီကျောင်းသား တဦးတယောက်မှလည်း ကျောင်းလာခြင်း မရှိ ကြောင်း မောင် တောမြို့မှ အဆိုပါ ကျောင်းဆရာက ပြောသည်။
မောင်တောခရိုင်အတွင်း စာသင်ကျောင်းပေါင်း ၁၆၀ ကျော်ရှိပြီး အများစုမှာ လုံခြုံရေးအရ မဖွင့်လှစ်နိုင် သေးကြောင်း မောင်တောမြို့မှ ပညာ ရေးဝန်ထမ်းက ဆက်ပြောသည်။
မောင်တောမြို့ရှိ အထက်တန်းကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များချထားသော်လည်း လုံခြုံရေးစိတ်မချ ရသည့် အတွက် ကလေးများကို မိ ဘများက ကျောင်းမလွတ်ကြသေးကြောင်း မောင်တောမြို့ခံများက ပြော သည်။
အလားတူ မောင်တောမြို့နယ် နယ်မြေ ၃ နံသာတောင်ကျေးရွာမှ ကျောင်းသားကျောင်းသူ ၇၀ ခန့် အပါအ၀င် တခြားကျေးရွာများမှ က လေး များမှာလည်း ကျောင်းမတက်နိုင်သေးကြောင်း ကျေးရွာ သားတဦးကပြောသည်။
“ ကလေးတွေက ပြဿနာဖြစ်ကတည်းက ကျောင်းမတက်ရဘူး။ ဒီဘက်ပိုင်းက ရွာတွေမှာ တရွာမှ ကျောင်းမဖွင့်သေးဘူး။ ကျောင်းဖွင့်ရင် လည်း ပြမဲ့ ဆရာဆရာမတွေ မရှိဘူး။ ဆရာ ဆရာမတွေလည်း ဒီမှာ မနေ ရဲလို့ အားလုံးပြန် သွားကြတယ်။”
သြဂတ်စ်လ ၈ ရက်နေ့ကတည်းက မောင်တောမြို့တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ သော်လည်း မောင်တောမြို့တွင် ဗုံးပေါက်ကွဲမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် သြဂတ်စ် ၁၃ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment