Saturday, August 18, 2012

ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ ၂၄နှစ်ပြည့်အမှတ်တရ (၁၉.၈.၂၀၁၂) မနက်ဖြန်တွင်ကျင်းပမည်။

၁၉၆၂ခုနှစ်မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့နောက်ဆုံးဥက္ကဌ၊မန္တလေးတက္ကသိုလ်ကလောင်ရှင်များအတွင်းရေးမှူး ဆရာဦးစိုးဝင်းမောင်၊ဇနီး ဒေါ်မြသန်းတို့၏နေအိမ်တင်ဒီမိုကရေစီအရေးတော်ပုံ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနား(ကျောက်ဆည်မြို့နယ်)ကျင်းပမည်ဖြစ်သည်။

ဦးစိုးဝင်းမောင်သည် ၁၉၆၂ ခုနှစ်မှ စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေးသမားတဦးဖြစ်ပြီး စစ်အာဏာရှင်တို့ရဲ့အကြိမ်ကြိမ်ဖမ်းဆီးမှုကိုခံခဲ့ရသည်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ဒီမိုကရေစီလှုပ်ရှားမှုအပြီး စစ်ခုံရုံးမှ နှစ်ရှည်ထောင်ဒါဏ်အပြစ်ပေးခံရကာ ၁၉၉၉ခုနှစ်တွင် မန္တလေး အိုးဘိုထောင်မှလွန်မြောက်လာပြီးမကြာခင် အဆုတ်ကင်ဆာရောဂါဖြင့် ကျဆုံးခဲ့ရသည်။

ဦးစိုးဝင်းမောင်ရဲ့သား၂ဦးဖြစ်ကြသောစက်မှုတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုကျောင်းသားခေါင်းဆောင် ရဲဘော်သံဒုတ်နှင့်မန္တလေးဆေးတက္ကသိုလ်ကျောင်းသားယနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဥက္ကဌရဲဘော်သံခဲတို့မှာဖခင်၏တော်လှန်ရေးအမွေဆက်ခံပြီးယနေ့တိုင်မြန်မာ့ဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲဆင်နွဲလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနားသို့ဒီမိုကရေအင်အားစုများ၊ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် ကဗျာဆရာ၊စာရေးဆရာများ တက်ရောက်ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနားအစီအစဉ်။
နေ့ရက် - ၁၉.၈.၂၀၁၂ ။ တနင်္ဂနွေနေ့
အချိန် - နံနက် ( ၉: ၀၀ နာရီ )
နေရာ - ဦးစိုးဝင်းမောင်+ ဒေါ်မြသန်းနေအိမ်
စုကြီးထန်းတောရပ်၊ ကျောက်ဆည်မြို့။

No comments:

Post a Comment

My Blog List