အမျိုးသား လွှတ်တော်တွင် အတည်ပြု ထားပြီးဖြစ်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း သုံးခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းနိုင်ရန်နှင့် ကိုယ်စားလှယ်များ လေ့လာ နိုင်ရန် ပြည်သူ့လွှတ်တော်သို့ ပေးပို့ ဖြန့်ဝေ ထားကြောင်း ပြည်သူ့ လွှတ်တော်၏ တရားဝင် ထုတ်ပြန်ချက် အရ သိရှိရသည်။အမျိုးသား လွှတ်တော်တွင် စတင် တင်သွင်း၍ အတည်ပြုပြီးသော `နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို သြဂုတ်လ ၇ ရက်နေ့တွင် လည်းကောင်း၊ `ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ကို သြဂုတ်လ ၈ ရက်နေ့တွင် လည်းကောင်း၊ `လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို သြဂုတ်လ ၃ ရက်နေ့တွင် လည်းကောင်း အမျိုးသား လွှတ်တော်က ပြည်သူ့ လွှတ်တော်ထံ ပေးပို့ထားခြင်း ဖြစ်သည်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago

No comments:
Post a Comment