အီရန် နိုင်ငံ အနောက် မြောက် ပိုင်း ဒေသတွင် လှုပ်ခတ် သွား သည့် ငလျှင် ဒဏ်ကြောင့်
လူ ၂၅၀ ကျော် သေဆုံးပြီး ၂၀၀၀ ကျော် ဒဏ်ရာ ရရှိ ကာ ဘာသာရေး ဆိုင်ရာ အဆောက်
အဦ များ အပြင် ၊ အစိုးရ ရုံး များ လည်း ပျက် စီး သွား သည် ဟု တီဟီရန် မှ လာသည့်
AFP သတင်း တွင် ဖော်ပြထား သည်။
မဂ္ဂနီကျု ၆.၄ အဆင့် ရှိ ပထမ လှုပ်ခတ် သွား သည့် ငလျှင် မှာ ဒေသ စံတော် ချိန် ညနေ လေး
နာရီ မိနစ် ၃၀ အချိန်တွင် ဖြစ် ပြီး နောက် ထပ် ၁၁ မိနစ် အကြာ တွင် လှုပ် ခတ် ခဲ့ သည့် ငလျှင်
မှာ ၆.၃ အဆင့် ရှိသည်။
ပထမ ငလျှင် မှာ တာဘရဇ် မြို့  ၏ အရှေ့ မြောက် ၃၇ မိုင် အကွာ တွင် ဖြစ် ပြီး နောက် ထပ် လှုပ်
ခတ် ခဲ့ သည့် ငလျှင် မှာ မိုင် ၃၀ ခန့်  သာ ဝေး သည့် ထိုနေရာ အနီး တွင် ပင် ဖြစ်သည်။
ငလျှင် ဒဏ်ကြောင့် ကျေးရွာ လေးခု မှာ လုံး ၀ ပျက် စီး ခဲ့ ပြီး နောက် ထပ် ကျေးရွာ ၆၀ ခန့် မှ
မှာ ရာ ခိုင် နှုန်း ၅၀ မှ ၁၀၀ ထိ ပျက် စီး ခဲ့ သည်။
ငလျှင် ကြီး နှစ်ခု လှုပ် ပြီး ငလျှင် ငယ် လေး တွေ ဆယ် ခု လောက် ဆက် တိုက် လုပ် နေသေး
တယ် ကြောက် ဖို့  ကောင်း လိုက် တာ ကမ္ဘာ ပျက် မတ် ပါ ပဲ ဟု တာဘရဇ် မြို့ မှာ အမီနာ ဇီယာ
က ဘီဘီစီ သတင်း ဌာနကို ပြောသည်။
အီရန် နိုင်ငံ သည် အာရေး ဗီယား နှင့် ယူရေးရှား ပြတ်ရွေ့  ကျော နှစ်ခု ပေါ် တွင် တည် ရှိ ၍ ငလျှင်
အန္တရာယ် ကို အများ ဆုံး ခံ စား ရသည်။
၂၀၀၃ ခုနှစ် က အီရန် နိုင်ငံ ဘန်း မြို့  တွင် လှုပ် ခတ် သွား သည့်  ငလျှင် ကြောင့် လူ ၃၀၀၀ ကျော်
သေဆုံး ပြီး ၁၉၉၀ ခုနှစ် က ကက်ဆီပီယန် ပင်လယ် အနီး တွင် လှုပ် ခတ် သွား သည့် ငလျှင်ကြောင့်
လူ ငါးသောင်း ကျော် သေဆုံး သည်။
Iran , Earthquake
No comments:
Post a Comment