Tuesday, August 14, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးတက်ရောက်



မြို့ပြနှင့်ကျေးလက် စီမံကိန်းရေးဆွဲရာတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံထည့်သွင်းရေးဆွဲ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအား ဘတ်ဂျက်ခွဲဝေခြင်း၊ အခွန်၊ ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှုများ မျှတအောင်စီမံ၊ တိုင်းပြည်ဖွံ့ဖြိုးရန် ဒေသတည် ငြိမ်အေးချမ်းပြီးတရားဥပဒေစိုးမိုးအောင် ဥပဒေနှင့် အညီဆောင်ရွက်ရန်မှာကြားခဲ့သည်ဟုသိရှိရပါသည်
အစည်းအဝေးသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ဒေသ ဥက္ကဋ္ဌများတက်ရောက် ကြသည်။

No comments:

Post a Comment

My Blog List