ကချင်ပြည်နယ် ဝိုင်းမော်မြို့ ၂၈ မိုင်အကွာ ချီဖွေသွားလမ်းပေါ်ရှိ ကျေးရွာဒေသများတွင် မြန်မာအစိုးရ နယ်ခြားစောင့်တပ်ဖွဲ့ (၁၀၀၂) မှ ဂိတ် ၅ ခုထားရှိပြီး ခရီးသွား ပြည်သူများထံ အတင်းအဓမ္မ္မ ငွေကောက်ခံနေကြောင်း သိရသည်။
ချီဖွေသွားလမ်းပေါ်ရှိ မန်ဝီး၊ ဒွမ်ဘန်၊ ခဝါန်၊ ရှဂေါ၊ မန်ဒေါင် (Man Dawng) နေရာများတွင် ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDAK မှ အစိုးရနယ်ခြားစောင့်တပ်ဖွဲ့စည်းထားသည့် တပ်များသည် ဂိတ်များချထား၍ ဖြတ်သန်းသွား လာသူများကို စစ်ဆေးမေးမြန်းပြီး ဆိုင်ကယ် မောင်းနှင်သူများနှင့် ၄င်းတို့သယ်လာသည့်ပစ္စည်းများအပေါ်မူတည်၍ ငွေကျပ် ၂၀၀၀မှ ၈၀၀၀ ထိ ကောက်ခံနေခြင်းဖြစ်ကြောင်း ခရီးသည် များပြောသည်။
ထိုသို့ကောက်ခံနေခြင်းကြောင့် ခရီးသွားပြည်သူလူထုများနှင့် အထူးသဖြင့် တနိုင်တပိုင် ဆိုင်ကယ်ဖြင့် ကုန်သယ်ရောင်းဝယ်နေသူများ အ တွက် ဂိတ်ကြေးပေးဆောင်ရာတွင် အခက်တွေ့စေကြောင်း ဆိုင်ကယ်ဖြင့် ကုန်သယ်နေသူ တစ်ဦးပြောသည်။“ဂိတ်တိုင်းကို ၁၀၀၀ ဆီပေးရတယ်။ ဆိုင်ကယ် ကဆီသယ်ထားတော့ ၈၀၀၀ ပေးလိုက်ရတယ်။ ဘာမှမ ကျန်ဘူး။ အရမ်းခက်ခဲတယ်” ဟု ဆိုင် ကယ်သမား ဆိုသည်။
ယခုလို ကောက်ခံနေသောနေရာများသည် တစ်ရက်အတွင်း အသွားအပြန် သွားလာနိုင်သောဒေသဖြစ်ပြီး ပြည်သူများသည် ဆိုင်ကယ် ဖြင့် စား ကုန်များ၊ ဆန်၊ ဓာတ်ဆီ၊ သံများ စသည့် ကုန်ပစ္စည်းများကို မြစ်ကြီးနားမှ သယ်ယူရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။
ချီဖွေလမ်း- မန်တောင် (Man Dawng)သွားလမ်းတွင် ကားလမ်း မရှိသဖြင့် ဆိုင်ကယ်ဖြင့်သာ ၎င်းကျေးရွာတွင်လိုအပ်သည့် ကုန်ပစ္စည်း များ ကို သယ်ယူရချိန် ငွေပေးဆောင်နေရခြင်းကြောင့် အခက်ခဲဖြစ်စေကြောင်း ကုန်သည်ကဆိုသည်။
“ပိုက်ဆံမပေးရင်တော့ မဖြတ်ခိုင်းဘူး။ ဒါမဲ့ ဘယ်သူမှမနေချင်ဘူးလေ… အဲဒါကြောင့် သူတို့တောင်းသလောက်ပေးပြီးသွားနေတာ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။
ဒွမ်ဘန်ဂိတ်တွင် ရှိနေသော နယ်ခြားစောင့်တပ်ဖွဲ့သည် တစ်နေ့တွင် ကျပ် ၂၅၀၀၀ ကို တပ်ဖွဲ့အရာရှိထံ ပေးရပြီး ကျန်ရှိသော ငွေကို အသီးသီး မျှယူနေကြခြင်းဖြစ်ကြောင်း ၄င်းတို့နှင့် နီးစပ်သူ မျက်မြင် တဦးပြောသည်။
ကချင်ပြည်နယ်တွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား စစ်ပွဲများ စတင်ဖြစ်ပွားလာချိန်မှစ၍ နယ်ခြားစောင့်တပ် ဖွဲ့များသည် ထိုနေရာများတွင် ဂိတ်များချထားကာ ဖြတ်သန်းသွားလာသော ပြည်သူလူထုများထံ အခွန်ကောက်ခံနေခြင်းဖြစ်ကြောင်း သိ ရ သည်။

No comments:
Post a Comment