အီရန်နိုင်ငံ၏
နျူကလီးယား အစီအစဉ်အား တားဆီးရေး အမေရိကန် နိုင်ငံ၏ စိတ်ပိုင်း ဖြတ်ထားမှု
ကို အမေရိကန်ကာကွယ်ရေးဝန် ကြီး လီယွန်ပါနက်တာက ထပ်မံအ တည်ပြု
ပြောဆိုလိုက်ပြီး နျူကလီး ယားဗုံး အီရန် ပိုင်ဆိုင်မသွားစေ ရန်အတွက်
အခြားရွေးချယ်စရာ များအသုံးပြုရန် ပြင်ဆင်ထား သည်ဟု ၄င်းကပြောကြားသည်။
ဆီးရီးယားသွေးထွက်သံယို
မှုများနှင့် အီရန်၏ နျူကလီးယား ရည်မှန်းချက်များအပေါ် အမေ ရိကန်နှင့်
အစ္စရေး နှစ်နိုင်ငံစလုံး ကစိုးရိမ်ပူပန်နေကြောင်း အီရန် နိုင်ငံနှင့်
ပတ်သက်၍လည်း နျူက လီးယား လက်နက်များ ထုတ်လုပ် ခွင့်ပေးမည်မဟုတ်ဆိုသည်ကို
ထပ်မံပြောကြားလိုသည်ဟု ဂျေရု ဆလင်မြို့၌ အစ္စရေးဝန်ကြီးချုပ်
ဘင်ဂျမင်နေတန်ညာဟုနှင့် အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်
မစ္စတာပါနက်တာက ပြော ကြားသည်။
“အမေရိကန်ဟာ
အစ္စရေး ပြည်သူတွေနဲ့အတူ ရပ်တည်နေ တယ်ဆိုတာ သိစေချင်ပါတယ်။
ကျွန်တော်တို့ဟာ အစ္စရေးနဲ့ အစ္စ ရေးနိုင်ငံ လုံခြုံရေးအတွက်အခိုင်
အမာစိတ်ပိုင်းဖြတ်ထားပါတယ်။ အီရန်က နျူကလီးယားလက်နက် များရယူမှုအပေါ်
တားဆီးသွား ရေးမှာလည်း ကျွန်တော်တို့ အခိုင် အမာ ဆုံးဖြတ်ထားပါတယ်”ဟု
မစ္စတာပါနက်တာက ပြောကြား သည်။
ယင်းမှတ်ချက်များက
အမေ ရိကန်ကာကွယ်ရေးဝန်ကြီး၏ နှစ် ရက်ကြာ အစ္စရေးနိုင်ငံသို့အလည်
အပတ်ခရီးစဉ်နှင့်ပတ်သက်၍ မီး မောင်းထိုးပြနေသည်။ ကန်ကာ ကွယ်ရေးဝန်ကြီးသည်
အစ္စရေး နိုင်ငံသို့ ဩဂုတ်လ ၁ ရက်က ရောက်ရှိခဲ့ပြီး ထိပ်တန်းခေါင်း
ဆောင်များနှင့် ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်းသိရသည်။
No comments:
Post a Comment