Sunday, August 12, 2012

တက္ကသိုလ် လိုင်းကားများ စည်းကမ်းဖောက်မှု အရေးယူတော့မည်


ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်မှုများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ် ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) မှ တာဝန်ရှိသူများက ဆိုသည်။

“တက္ကသိုလ်တွေမှာ ရှိတဲ့ မော်ကွန်းထိန်းတွေက သူတို့ တက္ကသိုလ်တွေမှာ ခရီးသည်တင် ယာဉ် တွေ ဂိတ်စ ဂိတ်ဆုံး မဆွဲတဲ့အတွက် တက္က သိုလ်ကျောင်းသားတွေ သွားရေး လာရေး ခက်ခဲနေ တာတွေကို တင်ပြကြ ပါတယ်။ဒါကို သက် ဆိုင်ရာယာဉ်လိုင်းအသီးသီးကိုအကြောင်း ကြာထားသလို မထသ ကလည်း စစ်ဆေးအရေးယူမှုတွေ ထိထိရောက်ရောက် လုပ် သွားမှာပါ” ဟုမထသ (ဗဟို) မှ အတွင်း ရေးမှုး

ဦးဘ မြင့်က ဆိုသည်။

တက္ကသိုလ်များသို့ ပြေးဆွဲနေသော အချို့ခရီးသည်တင် ယာဉ်များသည် သတ်မှတ်ထားသော လမ်းကြောင်းပေါ်တွင် ခရီးသည် ရရှိမှုပေါ် မှု တည်ကာ ဂိတ်စဂိတ်ဆုံး ပြေးဆွဲပေးခြင်းမရှိဘဲ ကြားမှတ်တိုင်များမှ ပြန်လှည့်ကြ၍ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများမှာ ကျောင်းသွား ကျောင်းပြန် အခက်အခဲ တွေ့ရလျက် ရှိသည်။

“ကျမက မြေနီကုန်းကနေ အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)ကို ကျောင်း သွားတက်တဲ့အခါ ကျောင်းကို တိုက်ရိုက်ရောက်တဲ့ ခရီးသည် တင်ယာဉ်လိုင်းတွေကို အားကိုး စီးနေရတာပါ။ တခါတလေ ကျောင်းအထိ ပြေးဆွဲတဲ့ လိုင်း ကားတွေက ကျောင်းအထိ အရောက်မသွား တော့ဘဲ ဒညင်းကုန်းလမ်းဆုံကနေ ပြန်လှည့်တော့ကျောင်းရောက်ဖို့ကို တခြား ခရီးသည် တင်လိုင်းကားတွေကို စောင့်ပြီး ပြောင်းစီးရတယ်” ဟု တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မတင်ဇာဝင်းက ဆိုသည်။

“အဲဒီလိုပဲ ကျောင်းဆင်းချိန် အပြန်ဆိုရင်လည်း ကားက ဒညင်းကုန်းအထိပဲ ရောက်ပြီး ကျောင်းကို ပြန်လှည့်တယ်။ ဒီဖြစ်စဉ်က တပတ် ကို သုံးရက်လောက် ကြုံရတယ်” ဟု ဆက်ပြောသည်။

မထသ(ဗဟို) စီမံမှုအောက်ရှိ ယာဉ်လိုင်းများမှ ခရီးသည်တင် ယာဉ်များကို ရန်ကုန်မြို့တွင်းမှ ဒဂုံတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ် (ထန်း တစ်ပင်)၊ အရှေ့ပိုင်း တက္ကသိုလ် (တာဝ)၊ နည်းပညာ တက္ကသိုလ် (လှိုင်သာယာ)၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ရေကြောင်း တက္ကသိုလ် (သန်လျင်)၊ ကွန်ပျူတာ တက္ကသိုလ် (လှော်ကား) ခရီးစဉ်များ ပြေးဆွဲရန် သတ်မှတ်ထားသည်။

“ယာဉ်လိုင်းတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိ မရှိကို မထသ(ဗဟို) အပါအ၀င် သက်ဆိုင်ရာ ယာဉ်လိုင်းတွေမှာရှိတဲ့ တာဝန်ရှိသူတွေက အဖွဲ့ ရှစ်ဖွဲ့ ခွဲပြီး လိုက်လံစစ်ဆေးမှုတွေ လုပ်ပါ တယ်။ စည်းကမ်းမလိုက်နာမှုတွေ ရှိရင် ဒဏ်ငွေ ဆောင်ခိုင်းတာတို့၊ ပြေး ဆွဲခွင့် ယာယီပိတ်ပြီး အရေးယူတာတို့တွေ လုပ်သွားမှာပါ” ဟု ဦးဘမြင့် က ဆိုသည်။

ကြားမှတ်တိုင်များတွင် လှည့်ပြန်သည့် ယာဉ်များအား ခရီးသည်များအနေဖြင့် ယာဉ်အမှတ်၊ ဖြစ်ပွားသည့် အချိန်နှင့်နေရာတို့ကို အတိအ ကျ မှတ်သားကာ သက်ဆိုင်ရာ ယာဉ်လိုင်းနှင့် မထသ(ဗဟို) တို့မှ တာဝန်ရှိသူများသို့ တိုင်ကြားနိုင်ပြီး ဖြစ်စဉ်များအား သေချာစွာစစ် ဆေးအ ရေး ယူသွားမည်ဟုလည်း ဦးဘမြင့် က ပြောဆိုသွားသည်။

No comments:

Post a Comment

My Blog List