ရခိုင်အရေးနဲ့ပတ်သက်တဲ့ကင်တားနားရဲ့အမြင်အပေါ်ပြည်သူများနဲ့
နိုင်ငံရေးပါတီများ ကန့်ကွက်
ရန်ကုန်
သြဂုတ် ၁၃
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို
လာရောက်စစ်ဆေးကြည့်ရှုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်
သောမတ်စ် အိုဟေး ကင်တားနားရဲ့ ဆောင်ရွက်ပုံတွေကို မကျေ နပ်ကြောင်း
နိုင်ငံရေးပါတီတွေက ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်ရဲ့ နိုင်ငံရေး
အကြံပေးပုဂ္ဂိုလ်သစ်ထံ တင်ပြခဲ့ကြပါတယ်။ ဒုတိယ အတွင်းရေးမှူးချုပ်ရဲ့
နိုင်ငံရေးအကြံပေးသစ်အဖြစ် ခန့်အပ်ခံရသူမစ္စစ် မာရီယန်းဟေဂန် က နိုင်ငံရေးပါတီတွေနဲ့
တွေ့ဆုံစဉ်မှာပွင့်ပွင့်လင်းလင်းပြောဆိုကြဖို့ လမ်းဖွင့်ပေးတဲ့အတွက် အခုလိုပြောခဲ့တာ
ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေရဲ့တင်ပြချက်ထဲမှာ ဒီတစ်ခါတင်ပြတာက
အချက်အလက်အမှန်ကန်ဆုံးဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော် အရေးအတွက် တင်ပြသင့်တင်ပြထိုက် တဲ့
ကိစ္စတစ်ရပ် လဲဖြစ်ပါတယ်။ ကင်တားနားအနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ လက်တွေ့မြေပြင်မှာစစ်ဆေးချက်တွေကို
ရှုထောင့်အမှန်ကနေ အမြင်ကြည်လင်စွာ ကြည့်ခဲ့ခြင်းမရှိဘဲ တဘက်သတ်ဆန်လွန်းစွာ
လုပ်ကိုင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်လဲ ကင်တားနားရဲ့ နေရာမှာ တစ်ခြား ပုဂ္ဂိုလ်တစ်ဦးဦးကို
အစားထိုးစေလွှတ်ဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအင်အားစုက
ဦးခင်မောင်ဆွေကလဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့ ရင်ထဲမှာ အလွန်ပဲ မခံမရပ်ဖြစ်ရ ကြောင်း
ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့
တိုင်းရင်းသားတွေအရေးကိစ္စ၊ ကျူးကျော်ဝင်ရောက်နေထိုင်သူ ကိစ္စနဲ့ ပတ်သက်လို့
ကုလသမဂ္ဂအနေနဲ့ အမှန်တကယ်ထိထိရောက်ရောက်ဆောင်ရွက်ပေးစေချင်တယ်ဆိုရင် ကုလသမရဂ္ဂက
တာဝန်ပေး လွှတ်မည့်သူတွေကို သေသေချာချာစိစစ်ပြီးမှ စေလွှတ်ပေးဖို့ကိစ္စနဲ့ ကုလသမဂ္ဂက စေလွှတ်သူဟာ
နှစ်ဦးနှစ်ဘက်ကို သမာသမတ်ကျစွာဆောင်ရွက်ပေးမဲ့ ဘောလုံးဒိုင်လူကြီးအသွင် သဏ္ဍာန်စိတ်ထား
မျိုးရှိဖို့လိုတယ်လို့လဲ ပြောဆိုခဲ့ ပါတယ်။
ကမ္ဘာမှာရှိတဲ့ အခြားနိုင်ငံတွေထက်နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ
ဖြစ်ပျက်နေတဲ့ ပဋိပက္ခဟာ ဘာမှပြောပလောက်စရာ မရှိပါဘူး။ ဒါကိုပဲ ကင်တာနားက
ပုံကြီးချဲ့ပြီး ..မြန်မာနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်စိစစ်ဖို့နဲ့
ရခိုင်ဒေသကို လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ ပြောဆိုခဲ့တဲ့အတွက် မြန်မာ နိုင်ငံမှာရှိတဲ့
ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ ဒါကြောင့်လဲ
မစ္စတာကင်တားနားရဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ အမြင်သဘောထားကို
လုံးဝ(လုံးဝ)ကန့်ကွက်ကြောင်းနဲ့ ကင်တားနားအား နောက်ထပ် စေလွှတ်ခြင်းမပြုဖို့
ကုလသမဂ္ဂသို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
သတင်းအရင်းအမြစ် လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို
လွတ်လပ်တဲ့ အာရှအသံ
No comments:
Post a Comment