ရန်ကုန်မြို့နှင့်အလားတူ
ရန် ကုန်မြို့သစ် (New Yangon)တစ်ခု ထပ်မံဖော်ထုတ်ရန် လိုအပ်လာပြီဟု
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေး အောင်က
သြဂုတ် ၈ ရက်တွင် ပြောကြားသည်။ "New Yangon တစ်ခု ဖော် ထုတ်ဖို့
လိုအပ်နေပြီ။ ဒီလို ဖော်ထုတ်တဲ့ အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်း ပါဝင်မှသာဖြစ်မှာပါ"ဟု အထက်ပါ
ပုဂိ္ဂုလ်က ဆိုသည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့ တော်၏လူဦးရေသည် ၁၀
စုနှစ်အ တွင်း တိုးတက်လာရာ နိုင်ငံတစ်ဝန်း လုံး လူဦးရေသန်း ၆၀ ၏ ၁၀
ရာခိုင် နှုန်းခန့်ပင်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းရှင်များအ သင်း ဒုဥက္ကဋ္ဌ(၁)ဦးသက်လွင်တိုးက ပြောကြားသည်။
"မြို့မှာနေထိုင်တဲ့ဦးရေက
ရာ ခိုင်နှုန်း ၇၀ ရှိလာတယ်။ တောမှာ နေထိုင်တဲ့ဦးရေက ရာခိုင်နှုန်း ၃၀ရှိ
တော့တယ်"ဟု လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က
ဆိုသည်။
အဆိုပါဖော်ထုတ်မည့်မြေနေ ရာအား
ရန်ကုန်မြို့နှင့် ပဲခူးဟံသာ ၀တီလေဆိပ်ကြားတစ်နေရာတွင် လျာထားကြောင်း
မြန်မာနိုင်ငံဟို တယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)ဥက္ကဋ္ဌ ဦးရန်ဝင်းက
ဆို သည်။ "တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။
အခု ဟံသာဝတီလေဆိပ်ကြီးကို အ ကောင်အထည်ဖော်နေတယ်။ ဒီ လေဆိပ်ကြီးနဲ့
အနီးဝန်းကျင် ရန် ကုန်မြို့နဲ့ ကြားတစ်နေရာကို လျာ ထားပါတယ်"ဟု
အထက်ပါပုဂိ္ဂုလ်ကပြောကြားသည်။
No comments:
Post a Comment