Wednesday, August 15, 2012

သိပ္ပံနှင့် နည်းပညာဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ မြန်မာကျောင်းသားများ ပထမဦးဆုံးအကြိမ်တက်ရောက်မည်

အစ္စရေးနိုင်ငံ၌ကျင်းပပြုလုပ်မည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနှီးနှောဖလှယ်ပွဲ ( Asian Science Camp ၂၀၁၂ ) သို့ မြန်မာကျောင်းသားများ ပထမဦးဆုံးအကြိမ်တက်ရောက်မည်ဟုသိရသည်။မြန်မာနိုင်ငံရှိတက္ကသိုလ်များမှ ကျောင်းသား ၇ ဦးကိုရွေးချယ်စေလွှတ်ခြင်းဖြစ်ပြီး နေထိုင်သွားလာစရိတ်များနှင့် စားသောက်စရိတ်များကို ထောက်ပံ့ပေးသွားမည်ဟုသိရသည်။
ယခုလ ၂၅ ရက်နေ့ ၌ သွားရောက်မည်ဖြစ်သော အဆိုပါကျောင်းသားများသည် လကုန် ၃၁ ရက်နေ့မှသာ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။ နှီးနှောဖလှယ်ပွဲ၌ ကျောင်းသားများကို သိပ္ပံဆိုင်ရာနိုဗယ်ဆုရှင် ၁၀ ဦးခန့်နှင့် အခြားသောသိပ္ပံပညာရှင်များက သိပ္ပံနှင့်နည်းပညာဆိုင်ရာများကို ဟောပြောပို့ချသွားမည်ဟုသိရသည်။ အဆိုပါနည်းနှောဖလှယ်ပွဲ (Camp) ကို ၂၀၀၇ ခုနှစ် မှစတင်တည်ထောင်ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း မြန်မာကျောင်းသားများနေဖြင့် ယခုနှစ်မှသာ ပထမဦးဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စား၍ အင်္ဂလိပ်ဘာသာစကားကို ကျွမ်း ကျင်စွာပြောဆိုနိုင်သည့် အသက် ၁၇ နှစ်မှ ၂၁ ကြား ကျောင်းသားများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံကျောင်းသားများမှာ အစ္စရေးနိုင်ငံ ဟီဗရူးတက္ကသိုလ်၌ တက်ရောက်ကြရမည်ဖြစ်သည်။ နှီးနှောဖလှယ်ပွဲတက်ရောက်ရန်အစီအစဉ်ကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List