ရန်ကုန်၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံ၏ ထင်ရှားသော နိုင်ငံရေး
လှုပ်ရှားသူ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ပထမဆုံးသော
လက်ရာဖြစ်သည့် နောက်ကြည့်မှန် စာအုပ်ကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁
နာရီက ရန်ကင်းစင်တာတွင် စတင်ထုတ်ဝေ ဖြန့်ချိလိုက်ပြီး နာရီပိုင်းအတွင်း
ရောင်းကုန် သွားကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။
အဆိုပါ
စာအုပ်သည် မင်းကိုနိုင်၏ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အကျဉ်းထောင်အတွင်း
အတွေ့အကြုံများကို ခံစားရေးသားထားခြင်း ဖြစ်ကြောင်း စာအုပ်မိတ်ဆက်တွင်
ရေးသား ဖော်ပြထားချက်အရ သိရသည်။
ယင်းစာအုပ်ကို ၎င်းအသက် ၂၆ နှစ်အရွယ်
ကျောင်းသားတစ်ဦးဘဝတွင် ရေးသားခဲခြင်း ဖြစ်ပြီး လွန်ခဲသော ၂၄ နှစ်ခန့်က
လက်ရာဖြစ်ကာ ငယ်မူလက်ရာကို မြင်တွေ့ရမည် ဖြစ်ကြောင်းလည်း စာအုပ်မိတ်ဆက်တွင်
ဖေါ်ပြထားသည်ကို တွေ့ရသည်။“ဒီစာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပေမဲ့
သူ့ဘဝရဲ့အတွေ့အကြုံတွေက စာဖတ်သူအတွက် message တစ်ခုတော့ ရသွားမှာပါ" ဟု
မြန်မာနိုင်ငံ လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ ဒေါ်ခိုင်က ပြောကြားသည်။
ယင်းစာအုပ်တန်ဖိုးမှာ
ကျပ်နှစ်ထောင်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရုံးခန်းတွင်
လာရောက် ဝယ်ယူနိုင်ကြောင်း ရောင်းချနေစဉ်က ပြောကြားခဲ့သည်။ သို့သော်
နာရီပိုင်းအတွင်း ရောင်းကုန်သွားသဖြင့် ထပ်မံ ရိုက်နှိပ်ရန် စီစဉ်နေသည် ဟု
သိရှိရသည်။
မင်းကိုနိုင်သည် ၁၉၈၈ နောက်ပိုင်း ထောင်အတွင်း နှစ် ၂၀
ခန့် အကျဉ်းကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက်
လာခဲ့သည်။
ယင်းစာအုပ်ကို ကိုမင်းကိုနိုင်မှ ကိုယ်ပိုင်ထုတ်ဝေခြင်း
ဖြစ်ပြီး အရှေ့ကြယ် စာပေမှ ဖြန်ချိခြင်း ဖြစ်ကာ အုပ်ရေ ၅၀၀၀ ထောင်
ဖြန့်ချိခြင်း ဖြစ်သည်ကို ကိုမင်းကိုနိုင်ထံမှ သိရှိရသည်။
The Voice Weekly
သစ်ထူးလွင်
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago


No comments:
Post a Comment