Tuesday, March 24, 2015

ချယ်ရီပန်းပွင့်ရာသီ၏ ပထမဆုံးနေ့အဖြစ် မတ် ၂၃ ရက်နေ့ကို ဂျပန်သတ်မှတ်





မတ် ၂၃ ရက်နေ့ကို ချယ်ရီပန်းပွင့်ရာသီရဲ့ ပထမဆုံးနေ့အဖြစ် တရားဝင် သတ်မှတ်လိုက်တယ်လို့ ဂျပန်မိုးလေဝသဌာနက ဆိုပါတယ်။ 

တနိုင်ငံလုံးက အာရုံစိုက်မှုဟာ ရက်နည်းနည်းအတွင်း ယာဆုကူနီ ဘုရားကျောင်းက ချယ်ရီပင်ဆီ ဦးတည်ထားခဲ့တာပါ။

ဒီအပင်ဟာ အစိုးရရဲ့ ချယ်ရီပန်းပွင့်မှု တိုင်းတာရေး ကိရိယာအဖြစ် သတ်မှတ်ခံနေခဲ့ပါတယ်။ ချယ်ရီပန်းပွင့်ရာသီဟာ မြို့တော် တိုကျိုမှာ ၇ ရက်ကနေ ၁၀ ရက်ကြာလေ့ ရှိပါတယ်။

လူအများအပြားကတော့ နွေဦးရာသီရဲ့ နွေးထွေးမှုကို ခံစားဖို့ ပန်းခြံတွေဆီ ထွက်လာပြီး အိုဟနမိပန်းကြည့်ပွဲတော်အတွင်း ချယ်ရီ ပွင့်တွေရဲ့ အလှကို ကြည့်ရင်း ချယ်ရီပင်တွေ အောက်မှာ ပျော်ပွဲစားထွက်လေ့ ရှိပါတယ်။

ဂျပန်နိုင်ငံတွင်း ကျောင်းတွေနဲ့ ကုမ္ပဏီတွေလည်း နွေဦးရာသီမှာ ချယ်ရီတွေ အပြည့်ပွင့်ချိန်မှာ နှစ်သစ်ကို စတင်ကြပါတယ်။
ဂျပန်ရဲ့ သင်္ကေတအရ ချယ်ရီပန်းဟာ အသစ်တွေနဲ့ လန်းဆန်းမှုတို့ စတင်ခြင်း သင်္ကေတ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List