Tuesday, March 24, 2015

ယမန်နှစ်က ခန့်ထားခဲ့သော နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမများထဲမှ M.Sc, M.A, Ph.d ဘွဲ့ရများကို ယခုနှစ်တွင် အထက်တန်းပြအထိ ရာထူးတိုးမြှင့်ပေးသွားမည်ဟုဆို


ယမန်နှစ်က ခန့် ထားခဲ့သော နေ့စားလပေးမူလတန်း ပြဆရာ၊ ဆရာမများထဲမှ M.Sc, M.A, Ph.d ဘွဲ့ရများ ကို ယခုနှစ်တွင် အထက်တန်းပြထိရာထူး တိုးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ် အတွက် ၂ဝ၁၄ခုနှစ်၊ မေလတွင်တစ် နိုင်ငံလုံးရှိတိုင်းဒေသကြီး ပြည်နယ် အသီးသီးတွင် နေ့စား လပေးမူလ တန်းပြဆရာများကိုခေါ်ယူခန့်ထားခဲ့ကြောင်း အဆိုပါနေ့စားလပေးများ ခေါ်ယူစဉ်က Ph.d, M.A/M.Sc, B.A/B.Sc ဘွဲ့ရရှိသူများပါ လျှောက်ထားနိုင်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းတို့အထဲမှ M.Sc, M.A, Ph.d ရရှိသူများကို ယခုနှစ် ဇွန်လတွင် အလယ်တန်းပြအဖြစ် ရာထူးတိုး မြှင့်ရန် အစီအစဉ် ရှိကြောင်း အမှတ် (၁)အခြေခံပညာဦးစီးဌာနမှ သိရသည်။
''ခန့်တာကတော့ခန့်မယ်။ အဲ့ ဒီအတွက် ပညာရေးဝန်ကြီးဌာနက တစ်ကြိမ်စာထွက်ထားပြီးသားရှိ တယ်။ သူတို့ကိုလဲ ရာထူးတိုးပေး တာနဲ့ညီမျှတဲ့သင်တန်းတွေ ပေးဖို့ ရှိပါတယ်။ သူတို့ကစာတွေ့ရှိပြီး သားဖြစ်တဲ့ အတွက် လက်တွေ့သင်တဲ့အကြောင်းအရာမျိုးတွေအတွက် သင်တန်းပေးမှာပါ''ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ခေါ်ယူခန့်ထားခဲ့ သော M.Sc, M.A, Ph.d ဘွဲ့ရရှိထားသူများသည် ဇွန်လတွင် အလယ် တန်း ပြရာထူးသို့တိုးမြှင့်ခြင်းခံရမည်ဖြစ်ပြီး အလယ်တန်းပြရာထူးလုပ်သက် ခြောက်လပြည့်ပါက အထက် တန်း ပြရာထူးအထိ တိုးမြှင့်ခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။

''အခြေခံပညာမှာ အထက်တန်း ပြရာထူးနေရာတွေက အခက်အခဲ တော်တော်ဖြစ်နေတဲ့အတွက် အဲဒီ လိုရာထူးတိုးပေးရတယ်လို့ယူဆပါတယ်''ဟု ယင်းက ထပ်မံပြောသည်။

ယမန်နှစ်က ပညာရေးဝန်ကြီး ဌာနသည် တစ်နိုင်ငံလုံးရှိအခြေခံ ပညာကျောင်းများအတွက် နေ့စား လပေး မူလတန်းပြရာထူးနေရာ ခုနစ် သောင်းကို ခန့်ထားခဲ့ကြောင်းသိရသည်။

''အရင်က Ph.d ရတဲ့သူတွေကို လယ်အုပ်တို့၊ မူအုပ်တို့တန်းပေး တာမျိုးတွေလုပ်ပေမယ့် အခုက အဲဒီ လိုမလုပ်တော့ဘဲ Ph.d ရတဲ့သူကလဲ နေ့စားလပေး အရင်လုပ်ပြီးမှ ရာထူးတက်တာမျိုးပဲသွားတော့မှာ ။ အောက်ခြေက နေသွားတဲ့ပုံမျိုးပေါ့။ဆရာအရေအတွက်က ဘယ်လောက် ခန့်မလဲတော့ မသိသေးဘူး'' ဟု ယင်း က ထပ်မံပြောသည်။

ခန့်ထားခဲ့သောနေ့စားလပေး ထဲမှ Ph.d ရရှိထားသူဖြစ်ပါက အ သက် ၄ဝနှစ်အောက်၊ M.A/M.Sc ဖြစ်ပါက ၃၅နှစ်အောက်နှင့် ရရှိသူဖြစ်ပါက ၃ဝနှစ်အောက် ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ATK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List