Tuesday, March 24, 2015

IS အဖွဲ့ နှင့်ဆက်သွယ်သူ ငါးဦးကို အင်ဒိုနီးရှားဖမ်းဆီး


ဆီးရီးယားနှင့်အီရတ်ရှိ အစ္စလာမ္မစ်အုပ်စု IS တို့အတွက် လူသစ်စုဆောင်းခြင်းနှင့် မူဆလင်များအား ထိုနိုင်ငံများသို့ စေလွှတ်ခြင်းများကို လုပ်ဆောင်နေသည့်လူငါးဦးအား အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီး လိုက် ကြောင်း မီဒီယာများ၏ ဖော်ပြချက်ကို dpa သတင်းက ရေးသားသည်။
သံသယရှိသူများအား နေရာ သုံးခုမှ သီးခြားစီဖမ်းဆီးရမိခဲ့သည်။ ဂျကာတာမြို့တစ်ဝိုက်မှ တနင်္ဂနွေ နေ့က ဖမ်းဆီးခဲ့ကြောင်း kom pas နေ့စဉ်သတင်းစာက ရဲတပ်ဖွဲ့အား ကိုးကား၍ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က တပ်သားသစ်စု ဆောင်းမှုကို စစ်ဆေးခဲ့ပြီးနောက် ယခု ဖမ်းဆီးမှုပေါ်ပေါက်လာခဲ့ရသည်။ ISIS တို့အတွက် ရန်ပုံငွေစုဆောင်း ခြင်း၊ ဝါဒဖြန့်ချိခြင်းများကိုလည်း စစ် ဆေးခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ရဲမင်းကြီး ဘတ်ဒရိုဒင်ဟိုင်တီက ပြော ကြားခဲ့သည်။

အဆိုပါ သံသယရှိသူများသည် အင်ဒိုနီးရှား ၃၇ဦးအား တူရကီသို့ ပို့ပေးခဲ့ကြောင်း၊ IS တို့နှင့်ဆက်သွယ် ရန်ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုအထဲမှ ၂၁ဦးမှာ ဆီးရီးယားသို့ ဝင်ရောက်ခဲ့ပြီး ၁၆ဦးအား တူရ ကီအရာရှိများက ဇန်နဝါရီလတွင် ဖမ်းဆီးခဲ့ကြောင်း ရဲက ဆိုသည်။

အင်ဒိုနီးရှားအစိုးရက အင်ဒို နီးရှားလူမျိုး ၅ဝဝခန့်မှာ IS တို့နှင့် ဆက်သွယ်ခဲ့ကြောင်း၊ ၄င်းတို့အများ စုမှာ အီရတ်မြောက်ပိုင်းသို့ သွားခဲ့ ကြောင်း ပြောကြားလိုက်သည်။

Ref: dpa news
Democracytoday

No comments:

Post a Comment

My Blog List