Tuesday, March 24, 2015

တပ်ချုပ်ပါဝင်လှူဒါန်းသော ပိဿာချိန် ၁၁၁၁၁ ရှိ ကြေးသွန်းခေါင်းလောင်း လပိုင်းအတွင်းပြီးစီးမည်


တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေးပိဿာချိန် ၃,၀၀၀ ကျော် ပါဝင်လှူဒါန်း ထား သော ကြေးပိဿာချိန် ၁၁,၁၁၁ ခန့် (၁၇ တန်ကျော်)ရှိသည့် လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြီးဆုံးဖြစ် မည့် ကြေးသွန်းခေါင်း လောင်းသွန်းလောင်း ပြီးစီးပါက ထားဝယ်မြို့တွင် ထားရှိမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ခေါင်းလောင်း၏ အမြင့်မှာ အပေါ်ကိုင်းအပါအ၀င် ၁၇ ပေရှိ ပြီး အကျယ် ၇ ပေ ၆ လက်မရှိ သည်။ ခေါင်းလောင်းကြီး၏ တန်ဖိုးမှာ ကျပ်သိန်း ၃,၅၀၀ ၊ ၄,၀၀၀ ခန့် ရှိကြောင်း ခေါင်းလောင်းသွန်းသည့် တမ္ပ၀တီရပ် ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ပြောသည်။ခေါင်းလောင်း အမည်မှာ မဟာဝိ ဇယခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်း တော်ကြီးဖြစ်ပြီး ထားဝယ်မြို့ ရွှေတောင်စားစေ တီ နှစ်(၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် သွန်း လောင်းနေခြင်း ဖြစ်သည်။

မန္တလေးတိုင်းတမ္ပ၀တီရပ်ရှိ ကြေးသွန်းပညာရှင် ၄၀၀ ခန့်ကို အကူအညီတောင်းပြီး အဆို ပါ ခေါင်းလောင်း ကို ကြေးဖို ပေါင်း ၃၃ ဖိုဖြင့် ကြေးကျိုခဲ့ရသည်။ လက်ရှိတွင် ခေါင်းလောင်းကို မြေကြီးထဲ၌ သွန်းလောင်း ထားပြီး လွန်ခဲ့သော ရှစ်လခန့်က တည်းက ခေါင်းလောင်းသွန်း လောင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

‘‘ဒီဘက်ခေတ် လွတ်လပ် ရေးရပြီးနောက်ပိုင်း သွန်းတဲ့ ခေါင်းလောင်းထဲမှာ အကြီးဆုံး ပေါ့။ အိန္ဒိယမှာရှိ တဲ့ ရွှေတိဂုံစေတီပုံတူမှာလည်း ခုအရွယ်စားတူ ခေါင်းလောင်းတစ်လုံး ရှိသေးတယ်’’ ဟု မြန်မာမှုဗိသုကာ ပညာရှင် ဦးဝင်းမောင်(တမ္ပ၀တီ)က မှတ်ချက်ပေးသည်။

လာမည့် တစ်လခွဲ၊ နှစ်လအတွင်း ခေါင်းလောင်းအပ်မည်ဖြစ်ပြီး လာမည့် ၁၅ရက်ခန့် တွင် ခေါင်းလောင်း ဖော်ယူမည်ဖြစ် ကြောင်း ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ဆက်လက် ပြောသည်။

မြေပေါ်ဖော်ယူပြီးနောက် အချောကိုင်ခြင်း၊ အပေါ်ကိုင်း ထပ်သွန်းလောင်းခြင်း၊ ခေါင်း လောင်းကိုင်း တစ်ဖက်စီတွင် လောကနတ်ရုပ် နှစ်ရုပ်ဖော်ခြင်း၊ လောကနတ်ရုပ်အောက်တွင် ရွဲသီး၊ ရွဲပန်းများ ဆင်ခြင်း၊ ယင်း အောက်တွင် ဖောင်းကြွဖောင်းသီး များနှင့် ကြာပေါင်းကြာစွယ်များ ပါမည် ဖြစ်သည်။

လွန်ခဲ့သော ကိုးလကတည်းက ခေါင်းလောင်းကို ပုံစံဖော် သည့်အဆင့်နှင့် ကြေးလောင်းနိုင် သော အဆင့် သို့ ရောက်အောင် ဦးစီးလုပ်ကိုင်ခဲ့ကြောင်း တမ္ပ၀တီ ရပ်ကြေးသွန်းပညာရှင် ဦးအောင် သန်းမော်က ပြော သည်။

မန္တလေးတိုင်း တမ္ပ၀တီရပ်ရှိ ကြေးသွန်းပညာရှင် သုံးရာ ကျော်ထံ အကူအညီတောင်းပြီး ခေါင်းလောင်း ကို ကြေးဖိုပေါင်း ၃၃ ဖိုဖြင့် ကြေးကျိုခဲ့ခြင်း ဖြစ် သည်။ ကြေးသွန်း ပညာရှင် ဦးအောင်သန်းမော်နှင့် တပည့် ဆယ်ဦးခန့်က လုပ်ဆောင်နေခြင်း ဖြစ်ပြီးလက်ရှိမြေကြီးထဲတွင် ခေါင်းလောင်းကို မြှုပ် ထား ကြောင်း နောက်နှစ်လခန့် အတွင်း ခေါင်းလောင်းအပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List