Monday, March 23, 2015

၂၀၁၅ရွေးကောက်ပွဲ၌ လက်တွဲဆောင်ရွက်ရန် သဘောတူညီချက်ချင်း ၁၀ပါတီထုတ်ပြန်ကြေညာ


ချင်းနိုင်ငံရေးပါတီ ၁ဝပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အချင်းချင်းလက်တွဲဆောင်ရွက်ကြ မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ လက်တွဲလုပ်ဆောင်ရန် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂ဝနှင့် ၂၁ရက် တို့တွင် Summit Parkview ဟိုတယ်၌ပြုလုပ်ခဲ့ပြီး ယင်းသို့ သဘော တူထုတ်ပြန်လိုက်ကြခြင်း ဖြစ်သည်။
''မူအားဖြင့် အပြန်အလှန် လက်တွဲဆောင်ရွက်ကြမယ်။ ဘယ် နေရာမှာ ဘယ်လိုလက်တွဲဆောင်ရွက် မလဲဆိုတဲ့အသေးစိတ်ကတော့ နောက် တစ်ကြိမ်တွေ့ဆုံပြီး ဆွေးနွေးကြမှာ ပါ''ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။

ချင်းနိုင်ငံရေးပါတီများအနေ ဖြင့်လည်း တစ်ပါတီချင်းမတူညီသည့် မူဝါဒများရှိနေသည့်အတွက် ရွေး ကောက် ပွဲတွင် အချင်းချင်းမပြိုင်ဘဲ အချိတ်အဆက်မိမိဖြင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီအတွင်းရေး မှူး(၁)ဦးဆန်လှေးမန်က ပြောသည်။

ချင်းနိုင်ငံရေးပါတီ ၁ဝခုအ နက် ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ တိုင်းရင်း သားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး (ခမီး) အမျိုးသား ပါတီတို့သည် ချင်းပြည် နယ်အခြေစိုက်ပါတီများဖြစ်သည်။

ကျန်လေးပါတီဖြစ်သည့် ခမီးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီနှင့်မြို တိုင်းရင်းသားဒီမိုကရေစီပါတီတို့သည် ရခိုင်ပြည်နယ် အခြေစိုက် ပါတီများ ဖြစ်ကြ သည်။

နှစ်ရက်တာတွေ့ဆုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲတွင် ပါတီတစ် ခုနှင့်တစ်ခုနေရာပေးယှဉ်ပြိုင်ရန်၊ မိမိတို့ လူမျိုးပါတီထပ်နေပါက အခြား ပါတီများအနိုင်ရသွားနိုင်ကြောင်း၊ ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ မဟာမိတ်ပုံစံပြုလုပ်ပြီး ယှဉ်ပြိုင်သင့်ကြောင်း စသည်တို့ကို ဆွေးနွေး ခဲ့ကြောင်းနှင့် တစ်ပါတီချင်းစီ၏ မူဝါဒ များကို တင်ပြခဲ့ကြသည်။

ချင်းမိသားစုနိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံခြင်းကို မေလ ဆန်းတွင် ပြုလုပ်ရန်လျာထားကြောင်း သိရသည်။

NTDW
#Democracytoday

No comments:

Post a Comment

My Blog List