Monday, March 23, 2015

ထိုင်းနည်းထိုင်းဟန်ပါရှိမယ့် ဒီမိုကရေစီတည်ဆောက်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ကတိပြု


ထိုင်းနိုင်ငံအတွက် ဒီမိုကရေစီစနစ်တည်ဆောက်ပေးသွားမှာဖြစ်ပေမယ့် အနောက်နိုင်ငံတွေက ဒီမိုကရေစီ လိုမျိုးတော့ ၁၀၀ ရာခိုင်နှုန်းဖြစ်မှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သောကြာနေ့က အက်ဆေးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
` ကျနော်ဟာ အခုလိုအာဏာသိမ်းတဲ့နည်းလမ်းနဲ့ တိုင်းပြည်အာဏာရယူ ခဲ့တာ မှန်ပေမယ့် ဒီမိုကရေစီ ကျတဲ့နည်းလမ်းတွေကိုတော့ ကျနော်လည်း သဘောပေါက်နားလည် ပါတယ်။ ဒီမိုကရေစီကိုလည်း ပစ်ပယ်မှာ မဟုတ်ပါဘူး။ ` လို့ ပြောကြားခဲ့ပြီး အခုချိန်မှာ ဒီမိုကရေစီ ခရီးဆီ ရှေးရှု လျှောက်လှမ်းနေ ကြပြီဖြစ်ပေမယ့် အမှားမလုပ်သရွေ့ပြည်သူတွေကို ဒုက္ခမဖြစ်စေနိုင်တဲ့ ဥပဒေတွေကို ပြဌာန်းပေးဖို့ လိုအပ်နေသေးတယ် လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

` တကယ်လို့ အခြေအနေတွေကို နားလည်သဘောပေါက်ကြမယ်ဆိုရင် အများစုက ဒါကို လက်ခံကြ လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီမိုကရေစီ ကအကောင်းဆုံးပါ။ ဒါပေမယ့် ကျနော်တို့ ရဲ့ဒီမိုကရေစီ ကို ရှေ့ဆက်သွား နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒီမိုကရေစီစနစ်မှာ ကျနော်တို့ နိုင်ငံရဲ့ နည်းနာသွင်ပြင် ဟန်ပန်တွေကိုလည်း ထည့်သွင်းရပါမယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံတကာရဲ့ စံနှုန်းတွေနဲ့လည်း မဆန့်ကျင်စေ ရပါဘူး´ လို့ ပရာယွတ်က ပြောကြားခဲ့ပါတယ်။

ဘာသာပြန် - ချိုလေးငယ်
Ref: The Nation
Kumudra

No comments:

Post a Comment

My Blog List