Tuesday, March 24, 2015

တပ်မတော်ဂုဏ်ပြု ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဖော်ပေးခဲ့ဖူးကြတဲ့ အနုပညာရှင်တို့ရဲ့ အမှတ်တရစကားသံများ





► သူထူးစံ
ကွမ်းလုံရက်(၄ဝ)ဇာတ်ကားအကြောင်းဆိုရင်ကားရိုက်ရင်းဘောလုံးကန်ရင်းနဲ့ဒဏ်ရာရသွားတာ တော်တော် ထိတယ်။ တော်တော်ကြာနားလိုက်ရတယ်။ အထူးသဖြင့် ဒီကားကဖြစ်ရပ်မှန်ဆိုတော့ စိတ်ဝင်စားကြတယ် ။ တစ်ကယ်ဖြစ်ခဲ့တဲ့ နေရာမှာလည်းသွားပြီးတော့ ရိုက်ကူးခဲ့တယ်။ နောက်တစ်ခုက ဒီကားမှာပါဝင်ခဲ့တဲ့ လူကြီးတွေ အခုချိန်ထိသက်ရှိထင်ရှားရှိနေတုန်းပါပဲ။ ကျွန်တော်က ဗိုလ်သိန်းမြင့် နေရာမှာသရုပ်ဆောင် ရ တယ်။ ကာရိုက်တာ စီးတာလားတော့ မသိဘူး။ အဲဒီအရာရှိလူကြီးလည်း အပြင်မှာခြေတစ်ဖက်ကျိုးတယ် လို့ သိရတယ်။ 
သူနဲ့ အပြင်မှာ တွေ့ဖို့ရှိတယ် ခုချိန်ထိတော့ မတွေ့ဖြစ်သေးဘူး။ မအားတာနဲ့ ဒီကြားထဲ ဒဏ်ရာရလို့ နားလိုက်တာနဲ့ တွေ့ဖို့တော့ စီစဉ်ရှိတယ်။ တအားလည်း တွေ့ချင်တယ်။

► မိုးယံဇွန်
ရဲဘော်ရဲသွေး နေရာကနေ သရုပ်ဆောင်ထားတယ်။ အမေတစ်ခုသား တစ်ခု ကာရိုက်တာနဲ့သရုပ်ဆောင် ထားတယ်။ ဖြစ်ရပ်မှန်သမိုင်း တစ်ကယ်ရှိ ခဲ့တဲ့အတွက် ဘယ် နေရာပါပါ တာဝန်ကကြီးတယ်။ ပြီးတော့ ဒီကားကခုလက်ရှိ ဖြစ်ပျက်နေတဲ့အနေအထားနဲ့ ဆက်စပ် ပြီးတော့ ပြည်သူလူထုတွေက ပိုစိတ်ဝင်စားသွား တာပေါ့။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကား တစ်ကားဖြစ်တဲ့အတွက် ရိုက်ကူးရေးမှာ သရုပ်ဆောင် အိုက်တင်ရော အဝတ်အစား ရောမျက်နှာခြယ်သမှုရော အ ရေးကြီးတယ်။ ဒါရိုက်တာ ဦးစိုးမိုးရဲ့လမ်းညွှန်မှုအောက်မှာပဲ အ ကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်။

► စိုးရန်အောင်
တပ်သားဇော်လတ်အဖြစ် သရုပ်ဆောင်ထားတယ်။ တပ်ထဲမှာမုန့်ဟင်းခါး ရောင်းတဲ့ ကောင်မလေး နဲ့သူချစ် သူဖြစ်တယ်။ ရှေ့တန်း မထွက်ခင်မှာ ကောင်မလေးကို ဆွဲကြိုးလေးတစ်ကုံး ပေးမယ်လုပ်ထားရာကနေ သူရှေ့တန်းထွက်လိုက်ရတယ်။ ရှေ့တန်းမှာကျသွားတယ်။ ဒီဇာတ်ကားက တကယ့် ဖြစ်ပျက်ခဲ့တဲ့နေရာမှာ သွားရိုက်တယ်။ ဒီနေရာကိုလည်း တစ်ခါမှ မ ရောက်ဖူးဘူး။ပထမဆုံးရောက် ဖူးတာပဲ။ အခက်အခဲကတော့ ရာသီဥတုလည်းကြမ်းတယ်။ အဓိကဒီကားမှာကိုယ်က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် စစ်သား တစ်ယောက်ရဲ့ ကာရိုက်တာ မပီပြင်မှာ စိုးရိမ်တယ်။ အဲဒီတော့ရိုက်ကူး ရေးမှာပါလာတဲ့ စစ်သားတွေ နဲ့အ တူနေတယ်။ သူတို့ဆီက စစ်သားတစ်ယောက်ရဲ့ နေပုံထိုင်ပုံကိုလေ့လာဖြစ်တယ်။ စစ်ကားရိုက်တာ ၂ကား သုံးကား ရှိပြီဆိုတော့ စစ်ဖြစ်တာကို မကြိုက်ဘူး။ စစ်ဆိုတာမရှိဘဲ ငြိမ်းချမ်းရေးပဲရှိစေချင်တယ်။

►အေးမြတ်သူ
အာဆီယံ တပ်မတော် သေနတ်ပြစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ နှစ်မှာအဲဒီအတွက် ဂုဏ်ပြု ဇာတ်လမ်းရိုက်တဲ့တပ်မတော် ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့တယ်။ အဲဒီဇာတ်ကား မှာ အေးမြတ်သူက shooter အနေနဲ့ ရော၊ ဆေးလည်းကုတဲ့သူ စစ်သူနာပြုအနေနဲ့ရောသရုပ်ဆောင်ရ တယ်။ ပစ္စတိုနဲ့ ရွေ့လျား သေနတ်ပစ်ရတယ်။ အားနေရင် သေနတ်ပစ်တာပဲ သင်တယ်။ သူတို့လည်း သေ နတ်ပေးရတာတာ ဝန်ကြီးတယ်။ အန္တရာယ်ရှိတယ်။ တာဝန်ရှိသူတွေကို request အလုပ်ပြီး သေနတ်ပစ်ဖို့ ယူထားတယ်။ ကျည်မပါဘူး။ ရိုက်တော့မှ သေနတ်ကိုင်ရင် used to မဖြစ်ဘူး။ အမြန်လေ့ကျင့်ပြီး used to ဖြစ်အောင် သင်ခဲ့ရတယ်။ ဒီဇာတ်ကားရိုက်တုန်းက မနက် ၅နာရီထပြီး PT ပြေးရတယ်။ PT ချိန်ပြေး တာတော့ အပင်ပန်းဆုံးပဲ။ အဲဒီတုန်းက ပြင်ဦးလွင်စစ်ဆေးရုံမှာရိုက်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက လူနာ မရှိဘူး။ ရိုက်ချင်လို့တောင် လူနာဇာတ်ကောင် ရှာရတယ်။ အခုဆိုလူနာတွေ အများကြီး။အဲဒီမှာ ရောက်နေ တာကိုတော့ ပြန်တွေးရင်းစိတ်မကောင်း ဖြစ်မိတယ်။

ပေါ်ပြူလာ
Popular Journal

No comments:

Post a Comment

My Blog List