Monday, March 23, 2015

ဒီကေဘီအေ စစ်ဦးစီးချုပ်ရာထူး ယာယီလွှဲပြောင်းပေးအပ်


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် ဟာ ကျန်း မာရေးအခြေအနေကြောင့် သူ့ရဲ့ရာထူးနေရာကို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးထံ လွန်ခဲ့တဲ့ရက်ပိုင်းက ယာယီတာဝန်လွှဲ ပြောင်းပေးလိုက်ပါတယ်။


ခေါင်းဆောင်ရာထူးနေရာ အပြောင်းအလဲနဲ့ ပတ်သက်ပြီး  ဒီကေဘီအေ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်း ထွန်းက “လောလောဆယ် ကျန်းမာရေးအခြေအနေအရ ဦးစီးချုပ်ရောဂါကလည်း စကားပြောလို့ ဘာလို့ အသံသိပ်မထွက်တာနဲ့ မပီတာနဲ့ နောက် လုပ်ငန်းတွေမှာလည်း ကျန်းမာရေးအရ အနားယူတဲ့နေရာမှာ လည်း အပြည့်အ၀အနားယူပြီး ဆေးကုသမှုခံယူလို့ ရအောင် တဖက်လုပ်ငန်းတွေ မပျက်ယွင်းရအောင်။ ဒီတိုင်း အသိနဲ့လုပ်နေတာထက်စာရင် သတ်သတ်မှတ်မှတ်တာ ၀န်ပေးလိုက်တာက တိတိကျကျပိုဖြစ်
သွားအောင် ယာယီပြောင်းလွှဲတဲ့ သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကုန်ပိုင်း ကတည်းက လည်ချောင်းဝေဒနာခံစားခဲ့ရပြီး ၂၀၁၄ ခုနှစ်ကပိုင်းမှာတော့ စင်ကာပူနိုင်ငံမှာ သွားရောက်ဆေးကုသမှု ခံယူခဲ့ရပါတယ်။

လက်ရှိ စစ်ဦးချုပ်အဖြစ် ယာယီတာဝန်လွှဲပြောင်းပေးခံရတဲ့ ဗိုလ်ချုပ်စောမိုရှေးကလည်း အတွေ့အကြုံရင့် ကျက်သူဖြစ်တဲ့အတွက် ဒီကေဘီအေတပ်ကို ဦးဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဗိုလ်မှူး ထွန်းထွန်း က ပြောပါတယ်။

“ဗိုလ်ချုပ်မိုရှေးသည်လည်း ဗိုလ်ချုပ် စောလားဘွယ် တို့လိုပဲ ဖြတ်သန်းမှုဝါမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ် ။ ဖြတ်သန်းမှုအတွေ့အကြုံအများကြီးရင့် ကျက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ နိုင်ငံရေး အတွေးအခေါ်အရလည်း အားကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ဦးဆောင်နိုင်မှာပါ။”

ဗိုလ်ချုပ်စောလားဘွယ် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အစိုးရက ဖိအားပေးချိန်မှာ လက်မခံဘဲ အစိုးရကို ပြန်လည်တိုက်ခိုက် တဲ့ တပ်ဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါ တယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ပြန်လည်လုပ်ဆောင်ခဲ့ပါ တယ်။

လက်ရှိမှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားပြုလုပ်နေတဲ့ တနိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေးဆွေးနွေးပွဲမှာလည်း တိုင်းရင်းသားကိုယ်စားလှယ်အနေနဲ့ ပါဝင် တက်ရောက်နေပါတယ်။

DVB

No comments:

Post a Comment

My Blog List