Tuesday, March 24, 2015

အောင်တံခွန်သင်္ဘောများနေရာတွင် သင်္ဘောအသစ်သုံးစီးဖြင့် အစားထိုးရန်စီစဉ်နေဟုဆို


ရခိုင်ပြည်နယ် တောင်ပိုင်းလမ်းကြောင်းတွင် ပြေးဆွဲနေသော ကြံ့ခိုင်မှုမပြည့်ဝသည့်အောင်တံခွန် သင်္ဘော များ နေရာတွင် အစားထိုးပြေးဆွဲရန် ဂျပန်နိုင်ငံမှ သင်္ဘောသုံးစီးဝယ်ယူရန် စီစဉ်ထားကြောင်း သတင်းရရှိ သည်။
ဂျပန်နိုင်ငံမှ သင်္ဘောသုံးစီး အမြန်ဆုံးပြေးဆွဲနိုင်ရန် ပို့ဆောင် ရေးဝန်ကြီးနှင့် ဂျပန်နိုင်ငံသံအမတ်တို့သည် မတ်လ ၂၃ ရက်တွင်တွေ့ဆုံဆွေးနွေးကာအမြန် ဆုံး စီစဉ်လျက်ရှိကြောင်း ပို့ဆောင် ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် သင်္ဘောသုံးစီးကို လေးလခန့် အတွင်း ပြေးဆွဲနိုင်ရန် စီစဉ်နေ ခြင်းဖြစ်ပြီး လက်ရှိရေယာဉ်များ ကိုလည်း ကြံ့ခိုင်မှုပြည့်ဝမှသာ ပြေး ဆွဲစေကြောင်း ပြည်တွင်းရေ ကြောင်း ပို့ဆောင်ရေးမှ ရေကြောင်းမှူးချုပ်ဦးဝင်းသိန်းက ပြောသည်။

‘‘ဒီကြားထဲလည်း ခရီးတွေ ပုံမှန် ပြေးဆွဲနေပါတယ်။ ရခိုင် ခရီးစဉ်တွေသာမက တခြားခရီး စဉ်တွေကို လည်း ကြံ့ခိုင်မှုပြည့်ဝ မှ ထွက်ဖို့ညွှန်ကြားထားပါ တယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ခရီးစဉ်လေးခုကို သင်္ဘောကိုးစီးဖြင့်ပြေး ဆွဲနေခြင်းဖြစ်ပြီး နစ်မြုပ် သွားသော အောင်တံခွန်အမှတ် (၃) သင်္ဘောအစား အောင်တံခွန် (၇) သင်္ဘောဖြင့် ပြေးဆွဲနေသည်။

အောင်တံခွန် ၇ သင်္ဘောဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ်
7Day Daily

No comments:

Post a Comment

My Blog List