Monday, March 23, 2015

သင်္ကြန်ကာလတွင် အစိုးရအပေါ် အကြည်ညိုပျက်စေရန် ရန်ပြုမူလျှင် အရေးယူမည်ဟုဆို


သင်္ကြန်ပွဲတော်ကာလ အတွင်း နိုင်ငံတော်အစိုးရအပေါ် ဂုဏ်သိက္ခာပျက်ပြားစေ၍ အ ကြည်ညိုပျက်စေမည့် တိုက်ရိုက် ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေပြော ဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆို ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းပြု လုပ်ပါက သက်ဆိုင်ရာတည်ဆဲဥ ပဒေများအရ ထိရောက်စွာအရေး ယူမည်ဖြစ်ကြောင်းမုံရွာမြို့နယ်စီ မံခန့်ခွဲမှုကော်မတီက ထုတ်ပြန် ကြေညာလိုက်သည်။


ထို့အပြင်တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြား စေမည့် ပြောဆိုလှုပ်ရှားမှုများ၊နိုင်ငံတကာအလံ များဖြင့်ရေကစား ခြင်း၊ ရေပက်ခံထွက်ခြင်း၊ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် သရုပ်ပျက်ဝတ်စား ဆင် ယင်ခြင်း၊ မျက်နှာဖုံးစွပ်၍ ရေပက်ခံခြင်း၊ ရေကစားခြင်းများ မပြုရန်ကြေညာထားသည်။

‘‘မဟာသင်္ကြန်ပွဲတော်ကာလမှာ ရိုးရာယဉ်ကျေးမှုကို အကျည်းတန်စေမယ့်အ၀တ်အစား ၀တ်ဆင်တာတွေ၊ မူးယစ်ရမ်း ကားတာတွေ၊ ယာဉ်တွေမှာဆို စည်းကမ်းမဲ့မောင်းနှင်မှုတွေမရှိ အောင် စည်းကမ်းတွေထုတ်ပြန် ထားပါတယ်။ အရင်နှစ်တွေတုန်း က ယာဉ်တွေအိတ်ဇောဖွင့်မောင်း တာ၊ ယာဉ်နံပါတ်ပြားမတပ်ဆင် တာတွေ၊ ယာဉ်တွေမှာ တုတ်၊ ဓား၊လက်နက်ကိုင်ဆောင်တာတွေမ ရှိအောင် ဥပဒေနဲ့အညီကြပ်မတ်အရေး ယူသွားမယ်’’ဟု မုံရွာမြို့ နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦး ညွန့်စိုးကပြောသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမ ဟာသင်္ကြန်ပွဲတော်တွင်မလိုလား အပ်သော ပြဿနာများမဖြစ်ပေါ် စေရေးအတွက် အများပြည်သူ များသိရှိလိုက်နာစေရန် မုံရွာမြို့ နယ်စီမံခန့်ခွဲမှုကော်မတီက အ ထက်ပါ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထော်လာဂျီယာဉ်ဖြင့် ရေပက်ခံထွက်ခြင်း၊ ဆပ်ပြာရည်ထည့်ထားသော ဂက်စ်ဘူးများဖြင့်ရေကစားခြင်း၊ ကွန်ပရက်ဆာပန့်များအသုံးပြု၍ အနာတရဖြစ်စေသော ရေကစားခြင်း၊ နံနက် ၇နာ ရီမှ ည ၆နာရီ ထက် ကျော်လွန်၍ ရေကစားခြင်း၊ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်းစသည့် အချက်များကို လိုက်နာ ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံရွာမြို့တွင် မဟာသင်္ကြန်ကာလ ရေကစားနေကြစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
7Day Daily

No comments:

Post a Comment

My Blog List