Monday, March 23, 2015

သီချင်းပုဒ်ရေ ၃၀ ကျော်နဲ့ ပရိသတ်ကို အားရအောင်ဖျော်ဖြေတဲ့ ၀ိုင်းစု


ဂီတသက်တမ်း (၁၀) နှစ်ပြည့်အမှတ်တရအဖြစ် ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်သည့် ၀ိုင်စုခိုင်သိန်း က သီချင်းအများစုကို ပါဖောမန့်များနှင့် တင်ဆက်ပေးခဲ့ပြီး စုစု ပေါင်းသီချင်း (၃၀) ကျော်ဖျော်ဖြေပေး ခဲ့သည်။
ဖျော်ဖြေပွဲကို ည ၇ နာရီခွဲ ခန့်တွင် စတင်ခဲ့ပြီး ဘုရင်မပုံစံ ၀တ်ဆင်ထားသော ၀ိုင်းစုခိုင်သိန်းက အကအ ဖွဲ့နှင့် အတူ မက် လောက်စရာသီချင်းကို စတင် ဖျော်ဖြေပေးခဲ့ရာ ပရိသတ်များက လက်ခုပ်သံများနှင့်အတူ လိုက်ပါ သီဆိုအားပေးခဲ့ကြသည်။ ဧည့်သည်အဆိုရှင်များပါဝင်သော် လည်း ၎င်းနှင့် တွဲဖက်သီဆိုထား သည့် သီချင်းများကိုသာ ဖျော်ဖြေ ပေးခဲ့ကြပြီး သီချင်း (၃၀) ကျော်ကိုအပိုင်းလိုက်ခွဲကာ ဖျော်ဖြေပေးခဲ့သည်။

တင်ဆက်မှုအစီအစဉ်တစ်ခုချင်းစီအလိုက် အ၀တ်အစားဖက်ရှင်များပြောင်းလဲခဲ့သကဲ့သို့ သီချင်းတစ်ပုဒ်နှင့် တစ်ပုဒ်အ ပြောင်းအလဲတွင်လည်း ဖက်ရှင် များကို သီချင်းနှင့် လိုက်ဖက် အောင် ၀တ်ဆင်ခဲ့သည်။

ပထမပိုင်းအစီအစဉ်အဖြစ် သီချင်းများဆက်လက်သီဆိုခဲ့ပြီး စန္ဒီမြင့်လွင်နှင့် ခုရှုပ်မှ နောင်ရှင်း သီချင်းကို အကအဖွဲ့ပါဖောမန့် များနှင့် ဖျော်ဖြေပေးခဲ့သည်။ ပထမပိုင်းအစီအစဉ်အပြီးတွင် ဇာတ်လမ်းတစ်ခုအနေဖြင့် ဖန်တီး ထားသော အမ်တီဗီတစ်ခုကို နောက်ခံပရိုဂျက်တာတွင် ပြသခဲ့ ပြီး မျက်လှည့်သီချင်းကို ပါဖောမန့် အင်အားကောင်းကောင်းဖြင့် ဖျော်ဖြေပေးခဲ့သည်။ ထို့နောက် Snare ၊ အားတီတို့နှင့် စုံတွဲသီချင်းများ ဆက် လက်ဖျော်ဖြေပေးခဲ့သည်။

ထပ်မံ၍ ဖျော်ဖြေရေးတင် ဆက်မှုအစီအစဉ်တစ်ခုမစတင်မီ Oppo မိုဘိုင်းဖုန်း ငါးလုံးကို ၀ိုင်းစု ခိုင်သိန်းနှင့် ပတ်သက်သည့်အ ကြောင်းအရာများကို မေး၍ ပထမဆုံးအဖြေမှန်သူများအား ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ဖျော်ဖြေပွဲကို ဆက်လက်တင်ဆက်ခဲ့ရာ ဟဲ လေးနှင့် စုံတွဲ သီချင်းဖျော်ဖြေခဲ့ပြီး လွန်ခဲ့သည့် (၁၀) နှစ်က ဆရာဖြစ်သူ ဆောင်းဦးလှိုင်နှင့် သီဆိုခဲ့သည့်ကောင်မလေးတစ်ယောက်အ ကြောင်း သီချင်း ကိုလည်း ဟဲလေးနှင့်ပင်    ဆက်လက်သီဆိုပေးခဲ့သည်။

ထို့နောက် ၎င်း၏ ငယ်ဘ၀မှ ယခုအချိန်အထိ အမှတ်တရ ဓာတ်ပုံများကို ပရိုဂျက်တာတွင်ပြ သခဲ့ပြီး ဂစ်တာ အစ ဘယ်သူက သီချင်းကို လူရိုင်းပုံစံ ပါဖောမန့် များဖြင့် ဖျော်ဖြေပေးခဲ့သည်။ ဆက်လက်၍ Rဇာနည်နှင့် လိုက် ဖက်တဲ့ဘ၀ သီချင်းကို သီဆိုပေး ခဲ့ပြီး အလွမ်းတေးပန်းချီသီချင်းကို Jade Dragon အကအဖွဲ့နှင့် ပင်  ဖျော်ဖြေပေးခဲ့ရာ အဆိုပါတင် ဆက်မှုအစီအစဉ် ကို ပရိသတ်များက လက်ခုပ်တီး၍ အားပေးခဲ့ကြ သည်။ ယင်းအစီအစဉ်၏ အပိတ် သီချင်းကို စိုင်းစိုင်းခမ်းလှိုင်နှင့် စုံ တွဲသီချင်းသီဆိုခဲ့သည်။

နောက်ဆုံးပိုင်းအစီအစဉ် တင်ဆက်မှုအဖြစ် အာဘွားသီ ချင်းဖြင့် စတင်ခဲ့ကာ သားသားနှင့် စုံတွဲသီချင်း တစ်ပုဒ်သီဆိုခဲ့ပြီး ကမ်းခြေသီချင်းဖြင့် နှုတ်ဆက်ခဲ့ သည်။


7Day News Journal

No comments:

Post a Comment

My Blog List