Monday, March 23, 2015

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများပူးပေါင်းဆောင်ရွက်ရေး NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ဆွေးနွေး


၂၀၁၅ခုနှစ်အ ထွေထွေရွေးကောက်ပွဲအတွက် ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီ များ ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မီကာ ဆာဟိုတယ်တွင် မတ်၂၁နှင့် ၂၂ ရက် များတွင် ဗေဒါအင်စတီကျုမှ ဦး ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်း ရင်းသားပါတီ ၁၉ပါတီခန့် တက်ရောက်ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ် စည်းမျဉ်းစည်း ကမ်းများ စသည်တို့ကို လိုက်နာမှုရှိ မရှိ၊ ချိုးဖောက်မှုရှိ မရှိကို နိုင်ငံရေးပါတီများ တစ်ခုနှင့် တစ်ခုစောင့်ကြည့်လေ့လာရေး၊ ရွေးကောက် ပွဲနှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို ပါတီအချင်းချင်းကြား ချိတ်ဆက်မျှဝေနိုင်ရေး စသည့်လုပ်ငန်းစဉ်များ ကို နှစ်ရက်ကြာ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ တက်ရောက်သူတစ်ဦးက'' ကချင် နှစ် ပါတီက ဆွေးနွေးခဲ့တာလေးကို တင်ပြရရင် ရွေးကောက်ပွဲမတိုင်မီ အချိန်လေးမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီတွေ လက်တွဲ ပြီး ဆောင်ရွက်နိုင်တဲ့ အခြေအနေလေးကို ကျွန်မတို့ဆွေးနွေး ထားတာက တော့ ကချင်မှာ အကောင်း ဆုံးဖြစ် နိုင်ဆုံးကတော့ ပါတီကလူတွေပေါင်း ပြီး အဖွဲ့အစည်းဖွဲ့ပြီးတော့ အင်ဖော် မေးရှင်းလေး တခြား ပါတီတွေကရော ဗေဒါအင်စတီကျုနဲ့အင်ဖော်မေးရှင်း လေးတွေ ရှဲလ်သွားမယ်။ ကျွန်မတို့ ရတဲ့ အင်ဖော်မေး ရှင်းတွေကိုလဲ ပါတီတွေကို ရှဲလ်သွားမယ်။ ရွေးကောက် ပွဲနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပါတီတွေ စုပြီးလေ့လာ သွားမယ်၊ လုပ်သွား မယ်ဆိုရင် ရွေးကောက်ပွဲအတွက် အဆင်ပြေနိုင်မယ်လို့ ကျွန်မတို့ ဆွေး နွေးကြတယ်။ ဒါကိုလဲ ကျွန်မတို့ ပြန်ရင်အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်ထားပါတယ်''ဟု ဆွေး နွေးပွဲတွင် ရှင်း လင်းပြောကြားခဲ့သည်။

နှစ်ရက်ကြာဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲတွင် ''၀''အမျိုးသားစည်း လုံးညီညွတ်ရေးပါတီ၊ လားဟူအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဓနုတိုင်း ရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် အမျိုးသားပါတီ၊ ကယန်းအမျိုးသား ပါတီ၊ ကချင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ချင်းအမျိုးသားဒီမိုကရက် တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးရေးပါတီ စသည့်တိုင်းရင်းသားပါတီများ တက်ရောက် ခဲ့ကြကြောင်း သိရ သည်။

SYMZ
#Democracytoday

No comments:

Post a Comment

My Blog List